Chapter 3 (Zawgyi)

36 0 0
                                    

ကြည့်လိုက်ရင် ပင်လယ်ပဲ မြင်ရတဲ့ နေရာက တစ်ကယ်တော့ စိတ်အေးချမ်းဖို့ကောင်းသားပဲ

ဟိုအဘိုးကြီးဆီကိုတော့ ဆတ်သွယ်ပြီးပြီ လှေက မကြာခင် ရောက်တော့မယ်ထင်တယ်
ဟို ကောင်စုတ်ကတော့ ဆေးအရှိန်နဲ့ အိပ်နေတာ ငါတော့ လှေပေါ် ထမ်းတင်ရမယ့် ကိန်း အသံစွာစွာ စကားတကယ်များတဲ့ အာ့ကောင်စုတ်က vampire လို့ပြောရင် မယုံမယ့် သူက ခပ်များများ

Vampire ဆိုတာ cool ဖြစ်တဲ့ပုံများတယ် သူတို့ကိုကြည့်တာနဲ့ လူသားတွေရဲ့ အထက်က လိုမျိုး ကြောက်ဖို့ကောင်းတယ် ဒါပေမယ့် အာ့ကြောက်ဖို့ကောင်းတာကပဲ သူတို့ရဲ့ ဆွဲဆောင်မှု လူသားအများစုက vampire ရဲ့ အာ့ဒီ cool ဖြစ်တာကို ကြွေသွားကြတာ အာ့ကြောင့်ပဲ သူတို့ရဲ့သားကောင်တွေဖြစ်ကုန်တာ

စစ်ကြီးပြီးတဲ့ နောက်မှ​တော့ အရင်လို လူတွေကို သတ်တာ တွေ သိပ်မရှိတော့ပါဘူး အခုက အကုန်လုံးက အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း နေနေကြတာပဲ

"Hayyyy Akagiiiii”

ဘာလဲ ဘယ်က လာတဲ့ အသံလဲ
သူမ အသံလာရာ မော့ကြည့်လိုက်တော့
What!!!!
ဟို ငကြောင် အဘိုးကြီးရဲ့ လက်ထောက်က Helicopter နဲ့
လှေကိုတော့ Helicopter အောက်က နေ မ လာတယ်

"ငါ လှေ ချပြီနော် ဝေးဝေးနေ ရေစင်မယ်”
ငကြောင်က လှေကို ရေစပ်မချဘဲ ကမ်းခြေနဲ့ ဝေးတဲ့နေရာကို သွားချပြန်ပြီ
ဒီငကြောင် ကတော့ ဆရာနဲ့ တပည့်လိုက်တယ် နှစ်ယောက်လုံး ငကြောင်တွေ

"Hooo ပင်ပန်းလိုက်တာ ပထမဆုံး ဒါကြီးကို မောင်းရတာ တကယ် မိုက်တယ်ဟ”
အယ်မယ် သူကများ ပင်ပန်းနေသေးတယ်

"ငါတောင်းတာ လှေလေးပါ မောင်းပြီး လာပို့ရင် ရတယ် helicopter ကြီး နဲ့ မ လာစရာ မလိုပါဘူး ဘာလဲ အဘိုးကြီးက ဒါကြ budget လုံလောက်သွားပြန်ပြီလား”
"မဟုတ်ပါဘူးဟ ဆရာ က ငါစီးချင်တယ်ဆိုလို့ မောင်းခိုင်းလိုက်တာ ငါလည်းပြောပါတယ် အာ့တာက-…_”

သူမ ထားတော့ ဆိုတဲ့ သဘောနဲ့ ခေါင်းခါပြီးတော့ ထွက်လာလိုက်တယ်
တကယ် အာ့နှစ်ယောက်က မနိုင်ဘူး တစ်ယောက်က လိုချင်တယ်ဆို အာ့အဘိုးကြီးက အကုန်ပေးတာ အာ့ကြောင့်ပြောတာ werewolf တွေက mate နဲ့ ပတ်သတ်ရင် အာ့လိုချည်းပဲ

Just Need You(GXG)Where stories live. Discover now