Chapter 8(Unicode)

34 3 0
                                    

သူ့ရဲ့ နေ့တွေကို သူတကယ် စိတ်ကုန်နေပြီ
အမှန်ဆို သူဒီမြို့ထဲမှာ ဒီလို အကြာကြီးနေရတာလည်း စိတ်ကုန်နေပြီ
သူmission တစ်ခုခု လုပ်ချင်နေပြီ ဒီမြို့ရဲ့ အပြင်မှာ လျှောက်သွားချင်နေပြီ
ခုတော့ အာ့ ဘာမဟုတ်တဲ့ ​ကောင်စုတ်ရဲ့ နောက်လိုက်နေရတယ်
သူတစ်နေ့ ဘာလုပ်လဲ ဆိုတာ report ပြန်တင်ရတယ်
အာ့တာကြီးကို တကယ်စိတ်ကုန်နေပြီ
အခုလဲ သူကတော့ သူ့သူငယ်ချင်းနဲ့ သာယာ​နေပြီး သူမကတော့ Otto ရုံးကို report တင်ပေးဖို့ သွားနေရတယ်

"ဒေါက် ဒေါက်”
"ဝင်လာပါ”
Otto ကတော့ သူ့ပုံမှန်အတိုင်းပဲ ကြီးမားတဲ့ စားပွဲကြီးမှာ အလင်းရောင်ကို ကျောပေးပြီး ထိုင်နေတယ်
"Ohh Akagi, reportလာတင်တာလား”
Otto ရဲ့ အသံသြကြီးက အခန်းထဲ ဟိန်းထွက်လာတယ်
"ဒါဆို သူဘာမှ ထူးထူးခြားခြား မလုပ်ဖူးပေါ့
Tomo နဲ့တော့ တွေ့တယ်ပေါ့”
Otto က report ကို ဖတ်ရင်း သူ့ဘာသာ ပြောနေသလိုနဲ့ ပြောရင်း ဖတ်နေတယ်
"ဟုတ်တယ် …
ဆရာ… ဒီmission က ဘယ်တော့ ပြီးမှာလဲ”
Otto က သူမကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်ပြီးတော့
"ဘာလဲ မြန်မြန်ပြီးချင်နေပြီလား
ငါက ဒီmission က မင်းအတွက် အဆင်ပြေမယ်ထင်တာ
စဉ်းစားကြည့်ရင် မင်းပြန်ခေါ်လာရတဲ့ သူတွေထဲမှာ Aki ပဲ ကောင်းကောင်းမွန်မွန်ပြန်ရောက်တာမလား အရိုးလေးတစ်ချောင်းတောင် မကျိုးဘဲ နဲ့လေ”

ဟုတ်ပါတယ် စဉ်စားကြည့်ရင် သူ့ကို သူမ အေးဆေးပဲ ခေါ်လာဖြစ်တာပဲ
သူမကို အကုန်လုံးက ကြောက်ကြတယ် တစ်ချို့ဆို မကောင်းဆိုးဝါးလို့တောင် ကွယ်ရာမှာခေါ်သေးတယ်
သူမရဲ့ အဘိဓာန်မှာ ဆွေးနွေးတာတို့ လိုက်လျောတာတို့ ဆိုတာ မရှိသလောက်ပဲ
သူမ ဒီလိုမျိုး သွားခေါ်ရတဲ့ mission မျိုးဆို ပြောမရရင် နည်းနည်း ရိုက်လိုက်ရမှ
သူမ ခေါ်လာတဲ့ သူဆို လူသားဖြစ်ဖြစ် အနည်းဆုံး အရိုးတစ်ချောင်းလောက် ကျိုးနေတတ်တယ်

ဒါပေမယ့် ဒီတစ်ယောက်ကိုတော့ သူမ တော်တော်သက်ညှာမိတယ်ထင်တယ် အိပ်ဆေးပေးရုံက လွဲပြီးဘာမှ မလုပ်ဖြစ်ဘူး
သူမ အာ့တုန်းက ဘာလို့ ဘာမှ မလုပ်ဖြစ်တာလဲ…

"စိတ်မပူပါနဲ့ Akagi ငါမကြာခင် mission အသစ်ပေးမှာပါ”
Otto အသံကြားမှပဲ သူမရဲ့ အတွေးတွေ ရပ်သွားတော့တယ်
"ကောင်းပါပြီ ဆရာ ဒါဆို သွားခွင့်ပြုပါဦး”
..........................
နောက်တစ်နေ့…
ပျင်းရိဖွယ်ရာ နောက်တစ်နေ့ပဲ…
မနေ့ညက Otto ပြောသလိုဆို သူမရဲ့ ရွှေရောင်နေ့ရက်တွေ ပြန်လာတော့မယ်
ဟုတ်ပြီ Akagi Fighting…
........................
တကယ်ပဲ…
ဒီကောင်စုတ်က ဘာဖြစ်ချင်တာလဲ သူမက လိပ်စာ အမှန်မပြောဘူးဆိုတာ အခုမှ သိတဲ့သူကို ဘယ်သူက ကိုယ်ဘယ်မှာ နေတယ် ပြောမလဲ
ပြီးတော့ အထူးသဖြင့် လူသားတွေနေတဲ့ နေရာလေး သူတို့ရဲ့ အစာအရင်းအမြစ်ကြီး တည်ရှိနေတဲ့ နေရာလေ အာ့နေရာကိုသူ့လို အခုမှ ပြန်လာတဲ့သူကို ပြောပြရမှာလား
သူစိတ်မထိန်းနိုင်လို့ အမဲလိုက်ရင် ဘယ်လိုလုပ်မလဲ
Witch တွေဆီသွားရင်တော့ သူ့ကို ထိန်းနိုင်မှာပေါ့
အာ့တာတွေ ကြောင့် အမှန်မပြောတာကို ဒီကောင်စုတ်က အာ့တာကို စိတ်တိုနေတာလား
ကောင်စုတ်က သူမကို တစ်နေ့လုံးစကား မပြောတော့ဘူး တကယ်ပဲ ကလေးဆန်လိုက်တာ
မပြောလဲ နေပေါ့ သူမနားညည်းသက်သာတာပေါ့

အခုတော့ ကောင်စုတ်က အရှေ့က လျှောက်နေတယ် သူမကတော့ သူ့အနောက်ကနေ​ပေါ့
ကောင်စုတ်ရဲ့ အခန်းကို ပြန်နေတာပါ
ပုံမှန်ဆို သူမ တာဝန်က သူ့အခန်းပြန်တာထိ လိုက်စရာ မလိုပါဘူး
ဒါပေမယ့် ဒီနေ့တော့ သူမ လိုက်ဖြစ်တယ် ဘာလို့ဆိုတာတော့ သူမ မသိဘူး ဒီအတိုင်းပဲ ညဘက် လမ်းလျှောက်ချင်လိူ့ ထင်တယ်
အပြင်မှာ မှောင်နေပြီ လရဲ့အလင်းရောင်နဲ့လျှပ်စစ်မီး​ရောင်​တွေနဲ့ ကျောင်းကြီးက​တော့ လင်းနေပါတယ်
ညကောင်းကင်က ကြည်လင်နေတယ် လေအေးလေးတွေ သူမကို ဖြတ်ပြီး လျှောက်လမ်းတစ်လျောက် ပြေးနေသလိုပဲ
လူသားဆိုပေမယ့် သူမ တကယ် ညကို ကြိူက်တယ်
ဒါပေမယ့်…
ရုတ်တရတ်ရပ်သွားတဲ့ အရှေ့က ကောင်စုတ်ကြောင့် သူမရဲ့ ညကို ခံစားနေတာတွေ ပျောက်ကုန်ပြီ
ဒီကောင်စုတ်ကလေ တကယ်ကို…
ဘာလဲ ဒါက ဘာလဲ သူမတို့ နှစ်ယောက် အရှေ့မှာ လူတစ်ယောက်…
မှောင်ရိပ်ကျတဲ့ နေရာမှာ ရပ်နေတဲ့    လူတစ်ယောက်… သူ့ရဲ့ စွမ်းအားတွေ သူမ ခံစားရတယ်
သေချာတယ် အာ့လူက လူသားမဟုတ်နိုင်ဘူး
ပြီးတော့ vampire ဒါမှမဟုတိ werewolf ဆိုရင်တောင် သာမန်မဟုတ်နိုင်ဘူး
လရဲ့ အလင်းရောင်က အာ့လူရဲ့ မျတ်နှာပေါ်ရောက်တဲ့ အခါ ထင်းနေတဲ့ မျတ်လုံး ရွှေဝါ​ရောင်​တွေ
ရှည်ထွက်နေတဲ့ အစွယ်တွေ
မဖြစ်နိုင်တာ…
ဒီလူက Elders တွေထဲက တစ်ယောက်…, Vampire တွေရဲ့သခင်…, တော်ဝင်Vampire …Alexander Amell
"မတွေ့တာကြာပြီနော် Aki”
တိတ်ဆိတ်နေတဲ့ လျှောက်လမ်းမှာ ဟိန်းထွက်လာတဲ့ အသံ
Aki…??
ကောင်စုတ်က Elder နဲ့သိတာလား
"Ohhh Amell မတွေ့တာကြာပြီ အရင်လိုပဲလား”
What!!!
Amell…??
ကောင်စုတ်က Elder ကို name တပ်ခေါ်တယ် သူကတကယ်ပဲ ဘာလဲ
ကောင်စုတ်က သူမဘက်ကို လှည့်ပြီးတော့
"ငါ ငါ့မိတ်ဆွေဟောင်းနဲ့ စကားပြောစရာရှိလို့ ပြန်နှင့်ပါလား Akagi"
"Immmmm ”
သူမ တော်ဝင် Vampire တွေကို တကယ်မကြိုက်ဘူး
တော်ဝင်Vampire တွေ…  အာ့ရွှေဝါရောင် မျတ်လုံးတွေ…သွေးတွေ… အော်ဟစ်သံတွေ… ပြီး​တော့ သူမရဲ့…
"အာဆို Alexander Amell က ခုကျောင်းကို ရောက်နေတယ်ပေါ့
ပြီးတော့ Aki နဲ့တွေ့နေတယ်ပေါ့”
Otto အသံကြားမှ သူမ အတွေးတွေ အာ့ည က လွတ်မြောက်တော့တယ်
"Akagi အာ့ညက မင်းအတွက် မေ့ဖို့ ခက်ခဲပြီး တော်ဝင် Vampire တွေ ကို တွေ့ရတာလည်း မင်းခက်ခဲမှန်း ငါသိပါတယ် ဒါပေမယ့် အတိတ်ဆိုတာ အတိတ်မှာပဲ ရှိရမယ်မလား”
Otto က သူမ အတွေးတွေကို သိနေတယ်ထင်တယ်
"Otto …
Aki က ဘာလို့ Elder ကို by name တပ်ခေါ်တာလဲ သူက ဘာလဲ”
"အာ့တာက ငါပြောလို့မရဘူး အချိန်တန်ရင် မင်းသိလာမှာ
သွားတော့ အနားယူတော့”
Otto ဆီက ပြန်လာပေမယ့် သူမစိတ်တွေ ပင်ပန်းနေတယ်
အာ့ညက အဖြစ်အပျတ်တွေ ပြန်မြင်ယောင်နေတယ်
တကယ်ပဲ ဒီညက အိမ်မက်ဆိုး မက်မယ် ထင်တယ်
#tbc

Just Need You(GXG)Where stories live. Discover now