သူ့နှာခေါင်းထဲ ဝင်လာတဲ့ အနံ့လေး
ချိုတာလိုလို မွှေးတာလိုလို သူများနဲ့မတူတဲ့ အနံ့
ပန်းတစ်မျိုးမျိုးရဲ့ အနံ့လိုမျိုး
ဆွဲဆောင်မှုရှိတဲ့ အနံ့သူမ အောက်က လူသားက တကယ် အလှတရားရဲ့ အဓိပ္ပာယ် ပဲ
လှတယ် တည်ငြိမ်တယ် လူသားတစ်ယောက်အနေနဲ့ ဖြူတယ်လို့ ပြောရမယ့် အသားအရေ
အာ့တာကို အားဖြည့်နေတာက အနက်ရောင် ဆံပင်တွေ
အိနေတဲ့ သူ့ရဲ့ ဆံသားတွေသူမ လက် အထိအတွေ့တိုင်း တုန်တက်သွားတာလေးတွေ
လက်ကို တဖြည်းဖြည်းအောက်ကို ဆွဲချလိုက်တော့ ခံစားရတာ သူ့ရဲ့ ချောမွတ်နေတဲ့ အသားအရေ
သူ့ရဲ့ အသက်ရှူသံတွေ သေသေချာချာကြားနေရတယ်
သူမအောက်က လူသားရဲ့ ရန်ခုန်သံတွေ မြန်နေတယ်
သူမရဲ့ ရင်ခုန်သံရောပဲ နှစ်ခုက စည်းချက်ညီနေသလိုပဲလူသားလေးက အကြည့်တွေက သူ့ကို ရှေ့ဆတ်တိုးဖို့ အားပေးနေသလို...
သူ့ရဲ့ လက်ချောင်းလေးတွေက သူမရဲ့ ကျောပြင်ကို ရစ်ပတ်လာတယ်
သေချာကြည့်ရင် သူ့ရဲ့ လည်ပင်းမှာ အကြောစိမ်းလေးတွေ မြင်နေရတယ်
အကြောထဲက သွေးစီးဆင်းနေတာကိုတောင် မြင်နေ ကြားနေရသလိုပဲ
သူမရဲ့ အစွယ်တွေ ချွန်ထက်လာတာ ခံစားရတယ်"သေချာလား... ငြင်းချင်ရင် ဒါ နောက်ဆုံးအခွင့်အရေးနော်"
အကြည့်တွေ သာမန်ဆို စွန်ရဲလို စူးနေတဲ့ သူ့အကြည့်တွေက အခုတော့ သူ့ကို ဖိတ်ခေါ်နေသလို
သူ့ရဲ့ လက်တွေက သူမလည်ပင်းကို အခုတော့ ရစ်ပတ်နေကြပြီ
သူမရဲ့ ခေါင်းကို သူက သူ့ဆီကို ဆွဲယူလိုက်တယ်
သူ့ရဲ့ အသက်ရှူနေတဲ့ လေဝင်လေထွက်ကို သူမရဲ့ နားမှာ ခံစားနေရတယ်"Immmmm..."
သူက သေချာတောင် မဖြေနိုင်ဘူး
လိုချင်တဲ့ အဖြေရတာနဲ့ သူ့အစွယ်တွေကို လူသားလေးရဲ့ လည်တိုင်ထဲကို စိုက်သွင်း......"Yahhh Aki ထတော့"
What!!!!လန့်လိုက်တာ အိမ်မက်လား
တကယ်ကြီးလား
ငါရင်ခုန်တာ အခုထိ မပျောက်သေးဘူးVampire တွေက အိမ်မက်မတ်တယ်ဆိုတာ များသောအားဖြင့် ဖြစ်ခဲ့တာတွေ ပြန်အမှတ်ရတာ
အခုက ဟိုလူသားနဲ့ ငါက ... ဘာတွေလဲ...
ငါ့အစွယ်တွေ ထွက်လာတာလား
သူမ မှန်ထဲပြေးကြည့်တော့
ဟုတ်တာပေါ့ အစွယ်တွေ သူဘယ်လောက်ကြာအောင် သိမ်းထားခဲ့လဲ မသိတဲ့ အစွယ်တွေ ပြန်ထွက်လာပြီ
သွေးအိတ်တွေ သုံးသတည်းက သူတို့အစွယ်တွေ အသုံးမပြုတော့တာ ဘယ်လောက်တောင်ကြာပြီလဲ
YOU ARE READING
Just Need You(GXG)
Fantasiပုံပြင်ထဲတွင်သာ ရှိရတဲ့ ထင်တဲ့ သဘာဝလွန် မျိုးနွယ်တွေဟာ လူသားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ ယှဉ်ပြိုင်မှု တို့ကြောင့် အမှောင်ထဲမှ ထွက်လာပြီး လူသားတွေနဲ့ စစ်ပွဲ စတင် ဆင်နွှဲလာပါတယ်။ ဆယ်စုနှစ်ခန့်ကြာသော စစ်ပွဲကြီး အပြီးတွင် လူသားအပါအဝင် မျိုးနွယ်စုတွေဟာ...