တောင်ကို ဖောက်၍ ဖောက်ထားသော လမ်းမ တစ်ခုပေါ်တွင် အနက်ရောင် ကားတစ်စီးသည် လျင်မြန်စွာ ပြေးလွှားနေလေသည်။
လမ်းမ၏ တစ်ဖက်ရှိ သစ်ပင်တို့သည်လည်း ထိုကား၏ အရှိန်နှင့် အတူ ယိမ်းထိုး၍ ထိုကားအား နှုတ်ဆတ်နေသယောင်ပင်။အချိန်ကား နေ့တစ်နေ့၏ ညနေ အချိန် ရောက်နေလေသည်။
ကားလေးသည်လည်း တောင်ကုန်းထိပ်ရှိ သီးသန့်တည်ရှိသော နှစ်ထပ် အိမ်ရှေ့၌ ရပ်တန့်သွားလေသည်။
ကားထဲမှ ပထမဉီးစွာ ထွက်လာသူမှာ ခရမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ယောက်ဖြစ်လေသည်။ သူမ၏ ဝတ်စားပုံကို ကြည့်ရုံဖြင့် မှော်အသိုင်းအဝိုင်းကမှန်းသိသာ လေသည်။
ထို မိန်းမငယ်နှင့် မရှေးမနှောင်းပင် ကားထဲမှ မိန်းကလေး နှစ်ဉီး ထပ်မံ၍ ထွက်လာလေသည်။ တစ်ယောက်သည် ငွေရောင် ဆံပင် များ ခေါင်းအပြည့်ရှိ၍ ဖြူဖတ်သော အသားအရေ ရှိလေသည်။ အသားအရောင်ကို ကြည့်ခြင်းအားဖြင့် သွေးစုပ်ဖုတ်ကောင် ဖြစ်နိုင်လေသည်။ နောက်တစ်ယောက်သည် ပုံမှန် လူသား၏ ပုံ သဏ္ဌာန် ရှိသောလည်း အနည်းငယ် ကွဲပြားနေသော စွမ်းအင် တစ်ခုခု တည်ရှိလေသည်။"သူတို့ ရောက်လာပြီလား"
"ဟုတ်ကဲ့ ဆရာ။ စုစုပေါင်း သုံးယောက်ပါ။ လူသားရယ် မှော်ဆရာရယ် သွေးစုပ်ကောင်ရယ်ပါ"
"ထူးထူးခြားခြား ဒီတစ်ခါ မျိုးစိတ် သုံးမျိူးပါလာ။ သူတို့ကို သေချာ စောင့်ကြည့်ထားပါ။ တစ်ခုခု ထူးခြားတာနဲ့ ငါ့ဆီကို သတင်းပို့ပါ"
"ဟုတ်ကဲ့ ဆရာ"
အိမ်လေးရှိရာ အလှမ်းအဝေးက အနည်းငယ် မြင့်သော တောင်ကုန်းလေးပေါ်တွင် အမဲရောင် အရိပ်နှစ်ခု အနက် တစ်ခုသည် တဖြည်းဖြည်း တောင်အောက်သို့ ဆင်း၍ ပျောက်ကွယ်သွားလေသည်။
..................................................................."ဒီမှာ ငါတို့နေရမှာလား" သူမ၏ အမေးကို Akagi ကပဲ
"အဖွဲ့က စီစဉ်ပေးထားတာ ဒီမှာပဲ။ mission မပြီးမချင်း ဒီမှာ နေလို့ ရတယ်။ ရိက္ခာတွေကို တစ်ပတ် တစ်ခါ လာထည့်ပေးလိမ့်မယ်။"
သူမတို့ ရောက်နေတာက အဖွဲ့က စီစဉ်ပေးထားသည် ဆိုသော် အိမ်ကလေး တစ်ခုပေါ်တွင် ဖြစ်လေသည်။
YOU ARE READING
Just Need You(GXG)
Fantasyပုံပြင်ထဲတွင်သာ ရှိရတဲ့ ထင်တဲ့ သဘာဝလွန် မျိုးနွယ်တွေဟာ လူသားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ ယှဉ်ပြိုင်မှု တို့ကြောင့် အမှောင်ထဲမှ ထွက်လာပြီး လူသားတွေနဲ့ စစ်ပွဲ စတင် ဆင်နွှဲလာပါတယ်။ ဆယ်စုနှစ်ခန့်ကြာသော စစ်ပွဲကြီး အပြီးတွင် လူသားအပါအဝင် မျိုးနွယ်စုတွေဟာ...