တိတ်ဆိတ်ငြိမ်သက်တဲ့ဘားတစ်ခုမှာ သူတို့လေးဦး ထိုင်နေရင်း နီတာမိုးက စကားဆိုလေသည်။
"မင်းတို့ပြောတော့ ငွေနဲ့အာဏာက အကုန်အရ ယူနိုင်တယ်ဆို၊ ငါကြိုက်တဲ့သူကတော့ ငါ့ကို လုံးဝပြန်မကြိုက်နိုင်ဘူးတဲ့"
"လွယ်လွယ်တော့ ရမလား တွန်အားလေးလိုတယ်လေ၊ ဥပမာ အထိအတွေ့လေးပေါ့"
သူရိန်ဆန်းက ပြန်ဖြေသည်။ သူတို့နှစ်ဦး၏ မိဘများက မော်ဦးယံအဖေနှင့် စီးပွားရေး တွဲဖက်များဖြစ်တာကြောင့် အပြိုင်အဆိုင်လည်း အနည်းငယ် ရှိပေသည်။
"မော်ဦးယံ၊ အာဏာနဲ့ငွေ မသုံးဘဲ လူတစ်ယောက်ကို မင်းအတွက် အသက်ပါ ပေးနိုင်အောင် လုပ်နိုင်လား"
"ကလေးကလား အလုပ်တွေ စိတ်မဝင်စားဘူး"
နီတာမိုးက စကားကြီးစကားကျယ် ပြောတယ်ဟု ဆိုကာ မော်ဦးယံကို လက်ခလယ်ပင် ထောင်ပြလိုက်သေးသည်။
ထိုဘားမှ သူပြန်လာသည့်အခါ နီတာမိုးမေးသည့် မေးခွန်းကို သူပြန်တွေးမိသည်။ သူ့အမြင်မှာ လူတွေက ငွေမက်သည်။ ငွေက အရာရာကို ဖန်တီးနိုင်သည်။ သူ့ဘဝမှာ ငွေရှိနေလျှင် ပြီးပြည့်စုံသည်ဟု မှတ်ယူထားသည်။
သူ့ကိုလိုက်ပို့သည့် ကားက ရန်ကုန်မြို့အတွင်းကို တစ်ပတ်ပြည့်အောင် ပတ်မောင်းနေသည်။ သူအခုချိန်မှာ အိမ်မပြန်ချင်သေးပေ။ အိမ်ပြန်ရောက်လျှင် တွေ့ရမည့် ဖခင်ဖြစ်သူ၏ မောင်းမတစ်ထောင် ဇာတ်အရှုပ်ကိုလည်း မကြည့်ချင်၊ မပတ်သတ်ချင်ပေ။
"ကားရပ်လိုက်"
သိပ်ပြီးမခမ်းနားသော လမ်းဘေးက ကော်ဖီဆိုင်လေးအပြင်ဘက်တွင် သူရင်းနီးသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်သည်။ ခါးမှာ အဝတ်ဖြူဖြူလေး စည်းထားပြီး ကော်ဖီပန်းကန် ချပေးနေသည်ကို မြင်လိုက်ရသည်။
Private Universityတွင် တက်ရောက်သောသူ အများစုက ချမ်းသာသော လူကုံထံများသာ ဖြစ်သည်။ ဒါပေမယ့် လျှံဦးနွေကို သူမြင်ဖူးသမျှ ကာလတစ်လျှောက်လုံး ဈေးကြီးပေးဝယ်ရသည့် မည်သည့် အဆောင်အယောင်ကိုမှ လျှံဦးနွေက သုံးစွဲခြင်း မရှိပေ။
YOU ARE READING
သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) Completed
RomanceWise men say only fools rush in but I can't help falling in love with you.