"မော်ထိပ်တန်းရဲ့ တစ်ဦးတည်းသော ဆက်ခံသူ မော်ဦးယံနဲ့ နာမည်ကျော်မင်းသမီး သွဲ့မှူးမေရီတို့ဟာ သိပ်မကြာခင်မှာ ဘွဲ့ယူဖို့အတွက် အမေရိကားမှာ စာမေးပွဲ အတူတူ သွားဖြေကြတော့မယ်လို့ သတင်းတွေထွက်နေရပါတယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်္ဂလာဝတ်စုံဆိုင်မှာ မော်ဦးယံ၏ အိမ်ထောင်ဖက်ကောင်လေးနှင့် သူ၏စပွန်ဆာတို့ ချိန်းတွေ့နေကြသည်ကို မော်ဦးယံက တွေ့မြင်သွားခဲ့ပြီး နှစ်ဦးနှစ်ဖက် အချင်းများခဲ့ကြတယ်လို့ မျက်မြင်သက်သေများက ပြောကြားခဲ့ပါတယ်၊ သိပ်မကြာခင်မှာ မော်ဦးယံက အိမ်ထောင်ရေးကို ဆုံးခန်းတိုင်တော့မယ်လို့ သတင်းသမားများက သုံးသပ်နေကြပါတယ်ရှင်"
ပလူပျံနေသည့် သတင်းများကြောင့် သူ့ဖုန်းကိုပါ ပိတ်ထားရသည်။ သူ့မိဘများနှင့် ဆောင်းနှင်းကလည်း ခဏခဏ ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးပေမဲ့ ကောလဟာလသာ ဖြစ်ကြောင်း သူငြင်းဆိုခဲ့သည်။
အိမ်ထဲက အိမ်ပြင်မထွက်ဘဲ သူနေခဲ့ပေမဲ့ မော်ဦးကတော့ ထိုနေ့တည်းက အိမ်ပြန်မလာခဲ့ပါ။ တဖြည်းဖြည်းနဲ့ ပြိုကျတော့မယ့် ရေခဲမြစ်အပေါ် သူလမ်းလျှောက်နေခဲ့ပြီး မကြာခင်မှာ နစ်မြှုပ်ရတော့မည်ကို သူကြိုသိနေရသည်။ မော်ဦးက တကယ်ပဲ သူနဲ့ ကွာရှင်းတော့မယ် ထင်တယ်။ သူမပြောခဲ့သင့်တာကို။ တစ်ချိန်လုံး သည်းခံနေခဲ့ပြီးမှ နည်းနည်းလေး ထပ်သည်းခံလိုက်မယ်ဆိုရင် မော်ဦးက သူ့ကို ဒီလောက် မုန်းသွားမှာ မဟုတ်ဘူး။
တစ်ချိန်လုံး သူတစ်ယောက်တည်း အထီးကျန်နေခဲ့ရမှ အိမ်တံခါးက လျို့ဝှက်ကုတ် နှိပ်သံကို ကြားတော့ သူထချင်စိတ်လည်း မရှိပေ။ မော်ဦးနဲ့ ပြန်လည် အဆင်ပြေဖို့ သူခဏခဏ တွေးကြည့်ခဲ့ပေမဲ့ မော်ဦးက သူ့ကို မချစ်သ၍ သူတို့နှစ်ဦးက အဆင်ပြေလာမှာ မဟုတ်ဘူး။ ပြီးတော့ မော်ဦးကလည်း သူ့ကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး။ နှစ်ယောက်လုံး ပင်ပန်းရမယ်ဆိုရင်တော့ သူတို့ ဘာလို့ တစ်ယောက်ကို တစ်ယောက်ဆွဲထားကြတော့မှာလဲ။
သူ့ကြောင့် ဝေးကွာသွားတဲ့ ချစ်သူနှစ်ဦးကိုလည်း သူထပ်ပြီး မခွဲချင်တော့ဘူး။ တစ်ခါတလေ ကိုယ့်ကိုယ်ကို အဓိကဇာတ်ဆောင်လို့ ထင်ပြီး အခြားလူကို တတိယလူအဖြစ် ကျွန်တော်တို့က သတ်မှတ်ကြတယ်။ တကယ်တမ်းတော့ ကျွန်တော်တို့ကမှ တတိယလူဖြစ်နေတာတွေလည်း ရှိတတ်တယ်။
VOUS LISEZ
သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) Completed
Roman d'amourWise men say only fools rush in but I can't help falling in love with you.