ကျောင်းတက်ချိန်က ကိုးနာရီဖြစ်ပေမယ့် လျှံဦးနွေက မုန့်လုပ်အသင်း၏ အစည်းဝေးကို တက်ရောက်ရန်ရှိတာကြောင့် အစောကြီး ရောက်လာရသည်။ သူတို့ကျောင်းက ဝင်ပေါက်ကနေ အနည်းငယ် ဝေးသည်။ ပင်မ ကျောင်းဆောင်ကို ရောက်ဖို့ လမ်းတော့ လျှောက်ရသည်။
လျှံဦးနွေက သူ့ကိုယ်သူ သီးသန့်ခွဲနေတတ်လွန်းပြီး တိတ်ဆိတ်သူမို့ ကျောင်းဝင်းအတွင်းကို ဝင်လာလည်း သူ့ကို နှုတ်ဆက်မယ့်သူက မရှိပေ။
အနွေးထည်ခေါင်းစွပ်ကို ဆောင်းထားပြီး အကြည့်ကို အောက်ဘက်သို့သာ လွှဲထားကာ သူက လမ်းလျှောက်လေ့ရှိသည်။ ရုတ်တရက် သူ့အနွေးထည် ခေါင်းစွပ်ကို လာဖယ်ရှားသည့် လက်တစ်ဖက်ကြောက် လန့်သွားရပြီး အနောက်ကို လှည့်ကြည့်တော့ တီရှပ်အပြာရောင် ဝတ်ဆင်ထားသည့် ခန့်ညားသော လူငယ်လေးကို တွေ့လိုက်ရသည်။
"မင်းမှ ဟုတ်ပါ့မလားလို့၊ ဝင်လာတည်းက ကြည့်နေတာ"
မော်ဦးယံက ကပိုကရို တင်နေသည့် သူ့အနွေးထည် ခေါင်းစွပ်ကို ပြင်ပေးရင်း ပြုံးပြလာသည်။
"အင်း"
လျှံဦးနွေက စကားနည်းသည်ဆိုပေမယ့် မော်ဦးယံ အရှေ့မှာဆို လေရှူဖို့တောင် မနည်းရုန်းကန် နေရလောက်အောင် သူ့ရင်ခုန်သံကို ထိန်းချုပ်နေရသည်။ မော်ဦးယံ၏ မျက်ဝန်းတွေက အငွေ့ပါးပါးလေး အမြဲရစ်သီနေသလို စွဲဆောင်မှု သိပ်ရှိသည်။ မျက်တောင်ခတ်လိုက်တိုင်း မြင်တွေ့ရသည့် ဘယ်ဘက် မျက်ခွံပေါ်က မှည့်သေးသေးလေးက မော်ဦးယံ မျက်နှာတစ်ခုလုံးမှာ သူအကြိုက်ဆုံး အစိတ်အပိုင်းပဲ ဖြစ်သည်။
"မပူဘူးလား နေတောင်မြင့်နေပြီကို၊ အနွေးထည် ချွတ်မလား"
"ဟင့်အင်း ရ..ရတယ်၊ ငါ မပူပါဘူး"
"တကယ်လား ဒီအပူချိန်နဲ့ဆို မင်းချွေးပြန်နေလောက်ပါပြီ"
မော်ဦးယံက စကားဆိုရင်း သူ့လည်ပင်းကို လက်ဖြင့်လာထိသည်။ ထိုနေရာမှာတင် သူလုံးဝမလှုပ်ရဲဘဲ ရပ်နေရသည်။ မော်ဦးယံနှင့် သူ့ပုံစံက ကြောင်လေးကို ကစားနေသည့် သခင်တစ်ယောက်လို ဖြစ်နေသည်။

ESTÁS LEYENDO
သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) Completed
RomanceWise men say only fools rush in but I can't help falling in love with you.