Part 11

12.7K 1.2K 46
                                    

မော်ဦးယံက ထမင်းစားကျောင်းဆင်းချိန်တွင် လျှံဦးနွေကို အမြဲတွေ့နေရတတ်သည်။ တစ်ယောက်တည်း ထမင်းစားနေကြဖြစ်သည့် လျှံဦးနွေတွင် စိတ်ဝင်စားစရာ တစ်ခုတလေတောင်မှ သူရှာမတွေ့ပေ။ သို့သော် သူ့အဖေကြောင့် ထိုကောင်လေးအပေါ် အာရုံစိုက်မိနေသည်။

"မော်ဦးယံ မင်းအခုတလော အဲ့ကောင်လေးကိုပဲ ကြည့်နေတာပဲ"

သူ့မျက်ဝန်းဆုံရာကို လိုက်ကြည့်၍ သူရိန်ဆန်းက ဆိုလေလျှင် မော်ဦးယံက မှာထားသည့် ထမင်းပန်းကန်ကိုသာ ပြန်လည်အာရုံစိုက်လိုက်သည်။

"မင်းသူ့ကို စိတ်ဝင်စားလို့လား၊ မင်းတို့ကြားမှာ အရင်ကျောင်းတုန်းက ဇာတ်လမ်းလေးတွေ ရှိဖူးလို့လား"

နေထူးမာန်က ပန်းသီးစိပ်ကို ကိုက်၍ တစ်ခုခုကို သူရိပ်မိနေသည်ဆိုသည့်ဟန်ကို ဖမ်းထားသည်။

"မင်းတို့နှစ်ယောက် ကောင်မလေးတစ်ယောက်ထဲကို ကြိုက်ဖူးလို့လား၊ ဒါမှမဟုတ် မင်းကြိုက်တဲ့ ကောင်မလေးက သူ့ကို ကြိုက်သွားလို့များ ကျောင်းတုန်းက ရန်စ မကုန်သေးတာလား"

နီတာမိုး ဝင်မေးသည့် စကားကို ကြားတော့ မော်ဦးယံက နှုတ်ခမ်းများကို တွန့်ချိုး၍ ပြုံးလိုက်သည်။ အမှန်တရားတစ်ခုကို သူသိနေသည်။ လျှံဦးနွေက သူ့ကို ကြိုက်နေသည်။

"မဟုတ်လောက်ဘူးထင်တယ်၊ အဲ့ဒီကောင်လေးက မော်ဦးယံကို ရှောင်နေတယ်လို့ ငါခံစားနေရတယ်၊ မသိရင် ကြိတ်ကြိုက်နေတဲ့ ကောင်လေးကို ရှောင်ပြေးနေတဲ့ ကောင်မလေးကြနေတာပဲ"

သူရိန်ဆန်းက သူ့ထင်ကြေးကို ဝင်ပြောတော့ နောက်ကျောသာ မြင်ရသည့် ကောင်လေးကို သူလှည့်ကြည့်မိသည်။ အရင်တုန်းကဆို သူ့နောက်ကို တကောက်ကောက် လိုက်နေသည့် ကောင်လေးက သူတို့ ပြောသလိုပဲ သူ့ကို ရှောင်နေသည်။ မျက်နှာချင်းမဆိုင်မိအောင် ကြိုးစားနေသည်။

ဒီအကြောင်းရဲ့ နောက်ကွယ်မှာ သူ့အဖေများ ရှိနေတာလား။ သူ့ကို ရှောင်ဖို့ သူ့အဖေက ပြောထားခဲ့လေသလား။

သူက သံသယစိတ်များတတ်တဲ့ လူတစ်ယောက်ဆိုတာ နားလည်သည်။ လူတစ်ယောက်ကို အမြဲတမ်း သတိထားကြည့်တတ်သည့် စိတ်က သူ့ကို အမြဲလိုလို သံသယဝင်စေသည်။

သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) CompletedDonde viven las historias. Descúbrelo ahora