Part 40

14.6K 1.1K 16
                                    

မော်ထိပ်တန်းစံအိမ်ကြီးရဲ့ ဆက်ခံသူ ဒေါ်မျိုးမမမော်ဟာ အမြွှာသားနှစ်ဦးကို မွေးဖွားခဲ့ပါတယ်။ ထိုသားနှစ်ဦးကို မျိုးမော်နှင့်လင်းမော်ဟု အမည်ပေးခဲ့ပြီး သူ့ရဲ့အမွေကို ဆက်ဆံစေပါတယ်။

သားနှစ်ဦး ငယ်စဉ်မှာပဲ ယောကျာ်းဖြစ်သူဆုံးပါးသွားလေတော့ သူသည်သာ အဓိက ဖြစ်လာပါတော့တယ်။

သားနှစ်ဦးက ရုပ်ချင်းတော်တော်လေး ဆင်တူပေမဲ့ စရိုက်မတူကြပေ။ အကြီးဖြစ်သော မျိုးမော်က ကြိုးစားပြီး ထက်သန်သည့် စိတ်ရှိသူ‌ဖြစ်ပေမဲ့ လင်းမော်ကတော့ ငယ်စဉ်ထဲက အလှကြိုက်ပြီး အပေါင်းအသင်းလည်းမက်၏။

ဒေါ်မျိုးမမမော်အတွက် သားကြီး မျိုးမော်ကသာ ဦးစားပေးရာဖြစ်လာခဲ့ပြီး သားငယ်လင်းမော်ကိုတော့ ချုပ်ချယ်မှုတွေနဲ့ ကြီးပြင်းလာစေသည်။ လင်းမော်က အလှကြိုက်သည့်အပြင် နူးညံ့ပြီး အနည်းငယ်လည်း နွဲ့တာကြောင့် ဒေါ်မျိုးမမမော်က လူကြားထဲ ခေါ်သွားရန် အင်မတန်ဝန်လေးလေ့ရှိပြီး ထိုသားငယ်ကို လူသိရှင်ကြားထုတ်ပြတာမျိုးလည်း သိပ်မလုပ်ခဲ့ပေ။

မျိုးမော်နှင့်လင်းမော်တို့ ညီအစ်ကိုကတော့ တစ်ဦးနှင့်တစ်ဦး ဖေးဖေးမမ ရှိတတ်ပြီး လင်းမော် စိတ်တိုင်းကျ နေနိုင်စေဖို့ မျိုးမော်က အမွေဆက်ခံသူ ဖြစ်လာအောင် ကြိုးစားအားထုတ်ခဲ့ရသည်။ လင်းမော်က မိခင်၏ ဥပေက္ခာတရားကို ရရှိခဲ့ပြီး မျိုးမော်ကတော့ မိသားစုဝန်အားလုံးကို ထမ်းရွက်ခဲ့ရ၏။

သူတို့ တက္ကသိုလ်တက်ရချိန်မှာ နှစ်ဦးလုံးက စီးပွားရေးကိုပဲ တက်ခဲ့ကြသည်။ ထိုချိန်မှာပဲ လင်းမော်က အချစ်ကို စတင်တွေ့ရှိခဲ့လေ၏။

သူနှစ်‌သက်သော သူမှာ တခြားသူမဟုတ်ဘဲ သူနှင့်တစ်တန်းတည်းသား သူငယ်ချင်း ယောကျာ်းလေးတစ်ဦးသာ ဖြစ်ခဲ့၏။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက ကောင်းမွန်လှပေမဲ့ မိခင်၏ စက်ကွင်းကိုတော့ ‌မရှောင်နိုင်ခဲ့ပေ။

သူတို့နှစ်ဦးကို ဝေးကွာအောင် လုပ်ခဲ့ပေမဲ့ လင်းမော်က လက်မခံနိုင်ပေ။ ထို့ကြောင့် သူ့ဘက်က အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ သူ့ချစ်သူကတော့ မိခင်၏ ဒဏ်ကို မခံနိုင်သည့် အဆုံးမှာ အခြားသူနှင့် လက်ဆတ်သွားချေသည်။

သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) CompletedWhere stories live. Discover now