Part 47 (The End)

23.5K 1.3K 62
                                    

"ဒီပွဲကတော့ ကြည့်ကောင်းပြီဟေ့၊ သွဲ့မှူးမေရီက ဟိုကနေ ဘွဲ့ရပြီး ပြန်လာပြီ၊ သူ့အဖေ ဦးရစ်ချက်က ဆက်ခံသူ အဖြစ် ကြေညာပေးတော့မှာ၊ ဒီမှာလည်း မော်ထိပ်တန်း CEOနဲ့ Rayရဲ့ ဆက်ခံသူက သတင်းတွေ ပျံ့နေတာပဲ၊ ငယ်ချစ်တွေဆိုတော့ သုံးပွင့်ဆိုင်မှာ ဘယ်သူကံကောင်းမယ်ထင်လဲ"

"ငါကတော့ မော်ဦးယံလိုလူက သေချာပေါက် သွဲ့မှူးမေရီကိုပဲ ရွေးလိမ့်မယ်လို့ ထင်တယ်၊ ဘာလို့ သူများရဲ့ စပွန်ဆာပေါက်လေးကို ရွေးမှာလည်း ဟုတ်တယ်မလား"

"Rayပြောတာတော့ သူ့တူလေးတဲ့နော် စပွန်ဆာပေးတာ မဟုတ်ဘူးတဲ့"

"သူတို့နှစ်ယောက်ပုံကြည့်ရတာလည်း ဟိုလိုဒီလို ပတ်သတ်မှု မဟုတ်လောက်ပါဘူး"

ပွဲမစခင်မှာပင် အားလုံး၏ စိတ်ဝင်စားမှုက မော်ဦးယံ၏ ချစ်ရေးကိစ္စပဲ ဖြစ်သည်။ တစ်ချိန်လုံး ပဟေဋိဖြစ်နေခဲ့တဲ့ သူရဲ့အချစ်ရေးဟာ အိမ်ထောင်ဖက်ဟောင်းနဲ့ ကွာရှင်းပြီးတာတောင် မရေရာခဲ့ပေ။

"မော်ဦးယံ ရောက်လာပြီ"

အော်သံနှင့်အတူ ပွဲတစ်ခုလုံးယောက်ယက် ခတ်သွားသည်။ သူ့ဘေးမှာ ကပ်ပါလာသူတော့ မရှိပါ။ ကုမ္ပဏီ၏ တာဝန်ခံ ဒီပါဦးနှင့်မင်းစေနိုင်အောင်တို့သာ ဘေးမှာ ကပ်ပါလာသည်။

အမှန်က မော်ဦးနှင့် Ray တို့ အတန်ကြာအောင် လျှံဦးနွေကို တွဲဖက်ဖိတ်ဖို့ လုနေခဲ့ကြသည်။ နောက်ဆုံးမှာတော့ လျှံဦးနွေက Rayကိုပဲ ရွေးချယ်သွားပြီး သူ့ကိုတော့ ပွဲရောက်မှ တွေ့မည်ဟုသာ မှာသွားခဲ့သည်။

မော်ဦးယံ မကျေနပ်ပေမယ့်လည်း သူ့မှာ အထွန့်တက်ဖို့ နည်းလမ်းမရှိပေ။ အခုချိန်ထိတော့ သူတို့တူဝရီးက ရောက်လာသေးဟန် မပေါ်ပေ။

"မော်ဦး"

ရင်းနှီးနေသော မိန်းကလေး အသံကြောင့် သူယဉ်ကျေးစွာပဲ နှုတ်ဆက်လိုက်သည်။

"မှူး ပြန်ရောက်နေတယ်လို့ ဦးလေးပြောတာ ကြားမိတယ်၊ အကုန်အဆင်ပြေရဲ့လား"

သွဲ့မှူးမေရီက ကနွဲ့ကလျလေး ပြုမူက ဆံပင်များကို နားနောက်သို့ သိမ်းယူလိုက်သည်။

သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) CompletedHikayelerin yaşadığı yer. Şimdi keşfedin