"အနှစ်ငါးဆယ် သက်တမ်းရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို အသက်၁၈ အခုမှ ပြည့်တဲ့ ကလေးတစ်ယောက်ရဲ့ လက်ထဲကို ဘယ်လို ယုံကြည်ပြီး ကျုပ်တို့က အပ်လိုက်ရမှာလဲ"
မော်ထိပ်တန်း ကုမ္ပဏီ၏ အစည်းဝေးခန်းမတွင် ဆက်ခံသူနှင့် ပတ်သတ်၍ အခြေအတင် ဖြစ်နေကြသည်။ မော်ဦးယံ၏ မင်္ဂလာသတင်း မတိုင်မီထိ သူ့ကိုဆို ချီးမွမ်းပြောဆိုတတ်ကြသော လူများအား ကြည့်၍ မော်ဦးယံ စိတ်ပျက်စွာပဲ ထိုင်နေမိသည်။ သူစိတ်လိုလက်ရ လုပ်သည်မဟုတ်သော အမှုတစ်ခုကြောင့် သူ့ဂုဏ်သိက္ခာများက ထိုသူတို့ ပါးစပ်ဖျားတွင် လုံးပါးပါးနေခဲ့လေပြီ။
"အခုချက်ချင်း လွှဲပြောင်းပေးတာမျိုးတော့ မဟုတ်ပါဘူး၊ ကျွန်တော်အနားမယူခင် ကာလတစ်ခုအထိ မော်ဦးယံက ယာယီလက်ထောက်အဖြစ် တာဝန်ထမ်းဆောင် သွားမှာပါ၊ သူ့ရဲ့ အရည်ချင်းကို စောင့်ကြည့်ပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်"
"ဘယ်လိုပဲ ပြောပြော ဒီကလေးက အသက်အရွယ်အားဖြင့် ငယ်ရွယ်လွန်းသေးတယ်၊ အတွေ့အကြုံကလည်း နုသေးတာမို့ သူ့ကို ဥက္ကဌနေရာ ထားနိုင်ဖို့က မဖြစ်နိုင်ဘူးလို့ ကျုပ်ကတော့ ထင်တယ်"
အမှန်တော့ ခင်များရဲ့ ဥက္ကဌရာထူးကို ခင်းများသားအစား ကျုပ်တို့ကို ပေးလိုက်ပါလို့ ပြောင်ပြောင်တင်းတင်း မပြောရုံပဲ ရှိလေသည်။ တကယ်တော့ မော်ဦးဘံက ဒီကုမ္ပဏီကို စိတ်ဝင်စားလွန်းသည်တော့ မဟုတ်ပေ။ သူမွေးတည်းက လုပ်ကို လုပ်ရမည့် တာဝန်တစ်ခု ဖြစ်နေခြင်းကြောင့်သာ ဒီအစည်းဝေးခန်းမမှာ သူထိုင်နေခဲ့တာ ဖြစ်သည်။
"ကျွန်တော့်မှာ အတွေ့အကြုံမရှိဘူးဆိုတာတော့ အမှန်ပါပဲ၊ ဒါပေမယ့် ဆက်ခံသူ ဒုတိယမျိုးဆက်ထဲမှာတော့ ကျွန်တော်က အသင့်တော်ဆုံးလို့ ထင်တယ်၊ ကုမ္ပဏီကို ချက်ချင်း လက်လွှဲယူမှာ မဟုတ်ပါဘူး၊ ကျွန်တော် အောက်ခြေကနေ လေ့လာမှာပါ၊ ဒါကြောင့် ပင်မကုမ္ပဏီမဟုတ်ဘဲ နယ်ဘက်က ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို တာဝန်လွှဲပေးဖို့ တောင်းဆိုပါရစေ"
ဦးမော်စိုးနှင့် တိုင်ပင်ထားခဲ့သည့် ပုံစံမဟုတ်ဘဲ သူက အောက်ဆုံးအဆင့်ကနေ စဝင်ဖို့ပဲ လိုလားလေသည်။ ရှယ်ယာဝင်အချို့က မော်ဦးယံ၏ ကိုယ်ရည်ကိုယ်သွေးကို သိနေပြီးသားမို့ သူ့ဘက်ကနေ အပြည့်အဝ ရပ်တည်ပေးသည်။ တချို့ကတော့ လူငယ်တစ်ယောက်ကို စီးပွားရေးတစ်ခုလုံးအား လက်လွှဲမပေးနိုင်တာ ဖြစ်ပြီး ကျန်သူများကတော့ မော်ဦးယံကို မလိုလားကြတာပဲ ဖြစ်သည်။
BẠN ĐANG ĐỌC
သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) Completed
Lãng mạnWise men say only fools rush in but I can't help falling in love with you.