သူမြန်မာကို ပြန်ရောက်တာနဲ့ တကယ်တမ်း နှုတ်ဆက် တွေ့ဆုံရမည့် သူက သိပ်မရှိပေ။ သူ၏ ကုမ္ပဏီတွင် အရေးပါသည့် လူနှစ်ယောက်ဖြစ်လာသော ဒီပါဦးနှင့် မင်းစေနိုင်အောင်တို့သာ ရှိလေသည်။
"သူဌေး ပြန်လာတာကို ကြိုဆိုပါတယ်"
မင်းစေနိုင်အောင်က သူ့ကို စနောက်၍ ပြောဆိုလေသည်။ သူ့က မျက်ခုံးကို ပင့်လိုက်ပြီး ပြုံးကာ လက်တစ်ဖက်ကို ကမ်းပေးလိုက်သည်။
"ဒီအတောအတွင်း ကူညီပေးခဲ့လို့ ကျွန်တော်က ကျေးဇူးတင်ရမှာပါ"
ဘေးက ဒီပါဦးကတော့ ပျင်းပျင်းရိရိသာ မင်းစေနိုင်အောင် ဘေးမှာထိုင်နေလေသည်။
"ကိုဒီပါဦး နောက်ဆုံးကျတော့လည်း ကျွန်တော့်ကုမ္ပဏီကိုပဲ ရောက်လာတာပဲ၊ ဘယ်လိုလဲ နှစ်ယောက်က အဆင့်တက်သွားပြီလား"
မော်ဦး၏ စကားကို ကြားတော့ မင်းစေနိုင်အောင်က ဒီပါဦးကို လှည့်ကြည့်သည်။ ထိုအခါ ဒီပါဦးက နားဖျားတွေပါ ရဲသွားသည်အထိ ခေါင်းငုံ့လိုက်သည်။
"မင်းပါးစပ်ကို ပိတ်ထားစမ်းပါ ခွေးကောင် မော်ဦးယံ"
ဒီပါဦးက သူ့ကို ရှေ့ထားပြီး ဆဲရဲသည့် တစ်ဦးတည်းသော သူလည်း ဖြစ်သည်။
"မင်းဘယ်ကတည်းက သိနေတာလဲ"
မင်းစေနိုင်အောင်က သူ့ကို မေးလာတော့ ပခုံးတွန့်၍ ပြုံးပြလိုက်သည်။
"ကျွန်တော့် IQက ခင်များထက် မြင့်တယ်လေ၊ ဒီလောက်သိသာနေတာကို နောက်မှ သိတာ ခင်များပဲ ရှိတယ်"
မော်ဦး၏ စကားကို မင်းစေနိုင်အောင်က အင်တင်တင်နှင့် လက်ခံလိုက်ရသည်။ အချိန်အကြာကြီးနေမှ သူ့ကို ဒီပါဦးက ကြိုက်နေတယ်ဆိုတာ သိခဲ့ရတာမလား။ စားပွဲအောက်ကနေ ဒီပါဦး၏ လက်ကို ဖြည်းဖြည်းချင်း ကိုင်လိုက်သည်။ ဒီပါဦးက ရုတ်တရက်မို့ သူ့လက်ကို ပြန်ရုတ်လိုက်ပြီး မင်းစေနိုင်အောင်၏ လက်ကို ဖြန်းခနဲမြည်အောင် ရိုက်လိုက်လေသည်။
မင်းစေနိုင်အောင်ကတော့ ထိုအပြုအမူကို ရိုးနေပြီပင်။ သူ့ချစ်သူက တခြားသူလို မဟုတ်ဘူး။ အချစ်နဲ့ ပတ်သတ်လျှင် အရမ်း အရှက်ပိုတတ်သည်လေ။ ခဏ အကြာမှာပဲ သူ့လက်ချောင်းတွေကြားကို လက်သွယ်သွယ်လေး ပြန်ဝင်လာသည်။ ဒီပါဦးက သူ့ကိုဆို ငြင်းဆန်ရန် ခက်ခဲလေသည်။
![](https://img.wattpad.com/cover/245817064-288-k492026.jpg)
YOU ARE READING
သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) Completed
RomanceWise men say only fools rush in but I can't help falling in love with you.