Part 28

12.3K 1K 49
                                    

လျှံဦးနွေ နိုးလာတော့ အိပ်ယာပေါ်မှာ သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ အေးစက်နေသည့် အိပ်ယာတစ်ဖက်ခြမ်းက တစ်ယောက်တည်းသောသူရဲ့ အေးစက်ခြင်းကိုလည်း ဖော်ပြနေသည်။ ကိုက်ခဲနေသည့် ခန္ဓာကိုယ်နှင့် တစ်ချက်တစ်ချက် နာလာသည့် အောက်ပိုင်းတစ်နေရာကသာ လိမ်ညာမရ၍ မနေ့က သူနှင့်မော်ဦးယံတို့ ကိုယ်လက်နှီးနှောခဲ့ကြောင်း သက်သေခံပေးနေတာ ဖြစ်သည်။

ဆို့နင့်လာသည့် နှလုံးသားကို ဖိနှိပ်ရင်း အိပ်ယာပေါ်က ထလာသည်။ သူဘာကိုမှ ထပ်မတွေးတော့ဘဲ လက်ရှိနေရာကိုပဲ ကျေနပ်လိုက်ဖို့ ကိုယ့်ကိုယ်ကို ပြန်ပြောလိုက်သည်။

မော်ဦးအတွက်တော့ ယခုအချိန်က သူ၏ အောင်မြင်မှုလမ်းကြောင်းကို အဆုံးအဖြတ်ပေးမိ အချိန်ဖြစ်သည်။ သူကိုယ်တိုင် လချီပြီး ပြင်ဆင်ထားသည့် ပရောဂျက်နှင့် တစ်ပါးသူ၏ ပရောဂျက်ကို ယှဉ်ရွေးနိုင်ရန် အစည်းအဝေးတစ်ခုကို ကျင်းပခဲ့သည်။ သူ့ဘက်ကို လက်ခံပေးမည့်သူက အနည်းငယ်သာ ရှိနေပြီး သွဲ့မှူးမေရီ၏ ဖခင်ကတော့ ပရောဂျက်အပ်နှင်းသူ တစ်ယောက်သာ ဖြစ်သည်။ သေချာပေါက် သူ၏ ထောက်ခံမှုကိုလည်း လိုအပ်ပေသည်။

မော်ဦးယံအတွက် သူများမျက်နှာကြည့်ပြီး နေထိုင်ရခြင်းက ပထမဆုံးဖြစ်ပေမဲ့ သူ့အတွက် အဆင်မပြေမှုဆိုတာ အလျဉ်းမရှိပေ။ စိန်ခေါ်မှုတွေကပဲ သူ့ကို ပြင်လည်ရှင်သန်လာစေသလို ခံစားနေရသည်။ အက်ကြောင်းထပ်နေသည့် အောင်နိုင်ခြင်းတွေကို သူငြီးငွေ့နေပြီပင်။

"ဒီပရောဂျက်ကို လူသစ်တွေနဲ့ချည်း သုံးမယ်လို့ ကြားထားတယ်၊ မင်းရဲ့ပရောဂျက်ကို အာမခံချက် ပေးနိုင်တာသေချာရဲ့လား"

ရှယ်ယာရှင် လူကြီးတစ်ယောက်၏ မယုံသင်္ကာဖြင့် အမေးကို သူခေါင်းညိတ်၍ ရှင်းပြရန် ပြင်လိုက်သည်။

"ကျွန်တော်အခု ပရောဂျက်အတွက် ခန့်အပ်ထားတဲ့ ပူးတွဲ အင်ဂျင်နီယာနှစ်ဦး ရှိပါတယ်၊ ပထမတစ်ယောက်က ကိုမင်းစေနိုင်အောင်ပါ၊ သူက စီနီယာအင်ဂျင်နီယာအဖြစ်နဲ့ ကျွန်တော့်ကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်၊ ဂျာမနီကနေ ကျောင်းပြီးခဲ့ပြီး ဂျာမနီက LaTaio စင်တာကို ဆောက်လုပ်တဲ့နေရာမှာ ပူးတွဲအင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်၊ ဒီစင်တာရဲ့ ဒီဇိုင်းကို သူကိုယ်ကိုင် ဆွဲခဲ့တယ်လို့လည်း သိရပါတယ်၊ သူက လုပ်ရည်ကိုင်ရည် သေသပ်ပြီး တိကျပါတယ်၊ ကျွန်တော့်အနေနဲ့ ဒီတစ်ခေါက် အပန်းဖြေစခန်း ဒီဇိုင်းကို သူ့ကို အပ်နှံခဲ့ပြီး အချိန်တိုအတွင်းမှာပဲ ကောင်းမွန်တဲ့လက်ရာကို ရရှိခဲ့ပါတယ်"

သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ