Part 17

10.4K 1K 40
                                    

ဒီနေ့က သူတို့ ကျောင်းပိတ်ရက်ဖြစ်သည်။ မနေ့က ကလပ်ကနေ ပြန်လာပြီးနောက် လျှံဦးနွေမှာ ဆောက်တည်ရာမရ ဖြစ်နေသည်။ သူ့ကို နမ်းခဲ့တာ မော်ဦးယံဆိုတာ သေချာသော်လည်း မော်ဦးယံက အရက်မူးပြီး အသိစိတ်မဲ့နေချိန် နမ်းလာခဲ့သည်ဟု သူထင်သည်။ သူကတော့ မော်ဦးယံ မမှတ်မိပါစေနဲ့လို့ ကြိတ်၍ ဆုတောင်းနေခဲ့သည်။

အကယ်၍သာ မော်ဦးယံက သူ့ကို နမ်းခဲ့တာကို မှတ်မိနေမည်ဆိုလျှင် ခက်ခက်ခဲခဲ တည်ဆောက်ထားရသည့် ပတ်သတ်မှုလေး ပျက်ယွင်းသွားမှာကို စိုးထိတ်နေခဲ့ရသည်။ ပြီးတော့ ပိတ်ရက်မှာ မော်ဦးက နို့ပူတင်းစားချင်သည်ဟု သူ့ကို ဆိုခဲ့ပြီး ယခုအချိန်ထိ ပေါ်မလာသေးတာကြောင့် သူ့မှာ ပို၍ပင် စိုးရိမ်လာရတော့သည်။ ထိုစိုးရိမ်ပူပန်နေမှုက မော်ဦး သူ့ဆီဖုန်းဆက်လာမှသာ ပြေပျောက်သွားခဲ့ရသည်။

"ဟယ်လို"

"ဘယ်မှာလဲ"

"ဆိုင်မှာ မေမေ့ကို ကူနေတာ၊ မင်းရော"

"ငါ မင်းတို့ဆိုင်ပြင်မှာ ရှိတယ်၊ မင်းပဲ ဒီနေ့ နို့ပူတင်း လုပ်ကျွေးမယ်ဆို၊ မေ့သွားပြီလား"

"ဟင့်အင်း၊ မမေ့ပါဘူး၊ ငါက မင်းမေ့သွားပြီ ထင်တာ၊ ငါအပြင်ထွက်ခဲ့မယ်၊ ခဏစောင့်နော်"

"အင်း"

ပြောပြီး ဖုန်းချသွားတော့ သူမြန်မြန်ပဲ မနက်က ကိုယ်တိုင်လုပ်လာခဲ့သည့် နို့ပူတင်းထည့်ထားသည့် ဘူးလေးကို ကိုင်၍ အပြင်ကို ထွက်လာခဲ့သည်။

ငယ်ရွယ်သော ယောကျာ်းလေးတစ်ယောက်က ဆိုင်ရှေ့ကနေ လက်ပြနေသည်။ သူက ဘေးနားကဖြတ်သွားသော လူတိုင်းထက် ခေါင်းတစ်လုံးစာတော့ အသာလေးမြင့်နေလေသည်။ ခန္ဓာကိုဘ်ကလည်း ထွားပြီး ကောင်းမွန်ကျစ်လစ်ပေသည်။ ဖြူသော အသားရည်နှင့် ရှင်းလင်းသော ဆံပင်ပုံစံတို့ကြောင့် မော်ဦးယံက ရှင်းသန့်ပြီး ရည်မွန်သည့် ခပ်ထွားထွားလူငယ်လေးတစ်ယောက်ပုံ ဖြစ်နေသည်။

"ရောက်တာကြာပြီလား"

"အခုလေးတင် ရောက်တာ"

"အင်း ဒီမှာ မင်းအတွက်"

ညတုန်းက ဖြစ်ခဲ့သမျှကို ပြန်အမှတ်ရကာ လျှံဦးနွေကို ယှက်သွေးဖြာစေသောကြောင့် ခေါင်းကို ငုံ့ထားလိုက်ရသည်။ ယူလာသော ဘူးလေးကို သူပေးလိုက်တော့ မော်ဦးယံက သဘောကျစွာ ပြုံးလိုက်သည်။

သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) CompletedWhere stories live. Discover now