[UNI] အခန်း (၂)

1.6K 224 2
                                    

အခန်း (၂) - အနီးရှိ အိမ်နီးချင်းသည် အဝေးက သွေးချင်းထက် ပိုကောင်း၏။

ကုကျောရန်သည် ခွေးကြီးနှင့် ကလေးမလေးကို အထဲပြန်ခေါ်လာပြီး အိပ်ဖို့ပြင်သည်။ ‌ဝန်းကျင်တစ်ခွင်က မှောင်မဲပြီး တိတ်ဆိတ်ငြိမ်သက်နေသည်က ကလေးများ အိမ်ပြန်လမ်းပျောက်ဖို့လွယ်ကူစေသည်အထိ။ ကုပေါင်ရန်က သမ်းဝေကာ အိပ်ချင်မူးတူးဖြင့် မေးလာပါ၏။

" ကိုကို ညီမလေးတို့ ဘယ်ချိန်အိမ်ပြန်မှာလဲ "

" ညီမလေး ပြန်ချင်တဲ့အချိန်ပေါ့။ မေ့မေ့ကိုသာ ဖုန်းဆက်လိုက် သူ ညီမလေးကိုကြိုဖို့ တစ်ယောက်ယောက်လွှတ်ပေးလိမ့်မယ် " ကုကျောရန် ဖြေလိုက်သည်။

" ညီမလေးတို့ လို့ မေးတာလေ " ကုပေါင်ရန်က အလေးအနက်ဖြင့် " ကိုကိုရော ပြန်လိုက်မှာလား "

" ကိုကို မပြန်ဘူး " ကုကျောရန် ဖြေလာ၏။

မောင်နှမနှစ်ယောက် လှေကားတလျှောက် တတ်လာလိုက်ကြသည်။ မစ္စဟူက ကုပေါင်ရန်အား ရေချိုးပေးရန်စောင့်နေသဖြင့် ကုကျောရန်က ကုပေါင်ရန်ကို မစ္စဟူလက်ထဲသို့သာ အပ်လိုက်တော့သည်။ သူက နှုတ်ဆက်လိုက်ပြီး အိပ်ခန်းဆီသို့ ပြန်လာလိုက်ပါ၏။ ကြမ်းပြင်ပေါ်တွင် သည်အတိုင်းပစ်ထားခဲ့သည့် အထုပ်အပိုးများကိုဖြည်ရန်ပင် သူပျင်းရိနေ‌သည်။ သူက အထုပ်အပိုးတွေဆီ လက်လှမ်းလိုက်ပြီး ဘောင်းဘီတိုတစ်စုံသာ ဆွဲထုတ်လိုက်တော့၏။

ရေချိုးပြီးသောအခါ မီးပိတ်လိုက်ပြီး အိပ်ယာပေါ်လှဲချလိုက်မိသည်။ အိပ်ယာထဲခွေခေါက်ရင်း ကုကျောရန် မျက်စိကို စုံမှိတ်ချလိုက်တော့သည်။

နှစ်နာရီကြာပြီးသည့်‌နောက်တွင် သူသည် သူ၏ရုန်ချန်ရှိ ပထမဆုံးည၌ အိပ်၍မပျော်နိုင်ပါကြောင်း လက်ခံလိုက်ရ‌တော့၏။

ကု‌ကျောရန် ထလိုက်သည်။ လူးလှိမ့်ထားမှုတို့ကြောင့် အိပ်ယာခင်းက တွန့်ကြေနေပြီး ခေါင်းအုံးတစ်လုံးကလည်း ကုတင်ပေါ်မှ ပြုတ်ကျနေသည်။ တံခါးဖွင့်ပြီး ဝရံတာဆီ သူထွက်ခဲ့လိုက်သည့်အခါ ညလေပြေက ယခင်အတိုင်းပင် နွေးထွေးနေ၏။ ကြိမ်ထိုင်ခုံပေါ် မစင်စွန့်‌နေသည့် ဌက်ရိုင်းတို့သည်လည်း နေရာမှ ပျံထွက်သွားကြလေပြီ။

ကျန်းခန့်သာ၍ မာစေ(Hope You've Been Well)Where stories live. Discover now