[UNI] အခန်း (၂၁)

1.5K 119 21
                                    

နောက်ကျပြန်ပါပြီ။ ဒါပေမဲ့ ပြန်လာပါပြီ။ ကောမန့်တွေ တွေ့ပါတယ်။ စာမပြန်ဖြစ်တာပါ။ အားတဲ့တစ်နေ့တော့ ပြန်ပေးနိုင်အောင် လုပ်ပါ့မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒါကိုတွေးနေတာပေါ့နော်။ တစ်ပိုင်းတစ်ပိုင်း အရှည်ကြီးဆိုတော့ နှစ်ပိုင်းစီ ဖြတ်တင်ပေးရမလားလို့။ တစ်ပိုင်းစီဆို စောင့်ရတာ အရမ်းမကြာဘူး ဖြစ်သွားမလားပေါ့...။

-----------------------------------------------------------------

အခန်း (၂၁)

ရှားလော့ဟုမ်း

ကျွမ်းဖန်ရှင်း ခေတ္တမှင်သက်သွားမိပါ၏။ အံ့ဩမှုကြောင့် မျက်လုံးတို့သည်က အဝိုင်းသား။ သူ နားကြားမှားလိုက်ခြင်းပေလော။ ကုကျောရန်တွင် သဘောကျရသည့်သူ ရှိနေပြီဟု ဆိုသည်။ ဆိုလိုသည်က ကုကျောရန်သည် မိန်းကလေးတစ်ယောက်အပေါ် ချစ်သက်ဝင်နေမိပြီ။

မည်သူမှန်းတော့ မသိရသေးချေ။

ရုပ်ရှင်ပြီးသွားသည့်အခါ ရုံတစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နှက်လာပြန်သည်။ မီးများပြန်လင်းလာသည်နှင့် လူအများက ထ,ကာ ရုံအပြင်သို့ထွက်ရန် ပြင်ကြတော့သည်။ ကုကျောရန်က ချက်ချင်းပင် ခါးမတ်ကာ ပြန်ပြင်ထိုင်လိုက်ပြီး ကျွမ်းဖန်ရှင်းကို ကျော်ကာ ကုပေါင်ရန်အား လှမ်းပြောလာပါ၏။

"ကုပေါင်ရန်၊ အမှိုက်တွေ မထားခဲ့နဲ့"

ကုပေါင်ရန်က နာခံစွာဖြင့် အမှိုက်များကို ထုတ်ပိုးလိုက်ကာ သူ့ခွက်လေးကို ကောက်ယူလိုက်သည်။ ကျွမ်းဖန်ရှင်းကမူ ပေါက်ပေါက်ဘူးကို ကိုင်ကာ ထိုင်လျက်ရှိနေဆဲပင်။ သို့နှင့် သူက ကျွမ်းဖန်ရှင်းလက်မောင်းကို ပုတ်ပြီး ဆိုသည်။

"ကိုကို သွားကြမယ်လေ"

"အာ... ဟုတ်သား။ သွားကြမယ်..." ကျွမ်းဖန်ရှင်းတစ်ယောက် ချီတုံချတုံ။

လူအုပ်ကြီးထဲသို့ လျှောက်ရသောအခါ ကုကျောရန်က ကုပေါင်ရန်လက်ကို ကိုင်ပေးထားပါ၏။ ကျွမ်းဖန်ရှင်းကမူ ကုကျောရန်၏ စကားလုံးများထဲမှ ရုန်းမထွက်နိုင်သေးဘဲရှိကာ ငူငူငိုင်ငိုင်ဖြင့် လိုက်လာနေသည်။ အစောပိုင်း၌ သတင်းပေးလာသူကမူ လုံးဝ စိတ်အေးချမ်းသာနေပုံပင်။ သူကမူ သေချာပြင်ဆင်မရှိဘဲ ကြားလိုက်ရသော သတင်းကြောင့် ဦးနှောက်က အလုပ်မလုပ်တော့သလိုလို ရှိနေသည်။ နှစ်ဦးစလုံး၏ စိတ်တွင်း၌မူ အတွေးများ ယောက်ယက်ခတ်နေပါတော့၏။

ကျန်းခန့်သာ၍ မာစေ(Hope You've Been Well)Where stories live. Discover now