[UNI] အခန်း (၅)

1K 179 14
                                    

အခန်း (၅) - အဘယ်ကြောင့် သူ့အား ကြည့်ခြင်းပေနည်း။

ကျွမ်းဖန်ရှင်း ချွေးစများကို သုတ်လိုက်‌သည်။ အစောပိုင်းက သူ သတိမမူမိခြင်းသာဖြစ်ပြီး ခုမှသာလျှင် အပူလျှပ်သည့် လက္ခဏာကို တဖြည်းဖြည်းခံစားမိလာသည်။ ရုန်ချန်သည် ပူလွန်းပေသည်။ နွေရာသီကာလတိုင်း အတန်းပြေးတတ်လိုက်၊ ပုံပြေးဆွဲလိုက်နှင့် နေမကောင်းမဖြစ်အောင် ရှောင်ရှားနိုင်ဖို့ရာ မဖြစ်နိုင်ပါချေ။ ဤအပူလျှပ်သည်လောက်က ရေးကြီးခွင်ကျယ် လုပ်နေစရာ မဟုတ်ပေ။

စကားပြောသံများ ကြားရသည်မို့ ရွှယ်မောက်ချန်က အခန်းထဲမှ ထွက်လာကြည့်သည်။

" ဒီနေ့ အပြင်လည်ခဲ့တယ်‌ပေါ့ ရှောင်ကျွမ်း " သူက စ‌ပါ၏။

ကျွမ်းဖန်ရှင်းက နီရဲနေပြီး တဖြည်းဖြည်း ဖြူလျော့လာသော မျက်နှာငယ်လေးနှင့်ပင် ခေါင်းငြိမ့်ပြလေသည်။ မစ္စဟူက သူ့အား ရေတစ်ခွက် ကမ်းပေးပါ၏။ သူ အငမ်းမရဖြင့် တစ်ကျိုက်တည်း သောက်ချလိုက်ပြီးသည့်နောက်၌ပင် အာခေါင်ခြောက်နေသေးပါသည်။ သူက မတ်တပ်ပြန်ရပ်ကာ ပြောလိုက်၏။

" အခု နည်းနည်းသက်သာသွားပြီ။ အဆင်ပြေပါတယ် "

တိုးလျော့နေပါသော အသံဖျော့ဖျော့ကြောင့် အဆင်ပြေနေသည်ဟု ကုကျောရန် မယုံမိပါပေ။ ရွှယ်မောက်ချန်က ထပ်ပြောလာ၏။

" မြင်ရတာနဲ့တော့ တခြားစီပဲနော်။ မင်းတော့ ရေဓာတ်ခန်းသွားမှ ပြဿနာကြီးနေဦးမယ် "

" အိုင်ဗွီ(IV) တစ်လုံးလောက် သွားချိတ်လိုက်မယ်။ အရင်တစ်ခေါက် အပူလျှပ်တုန်းက အိုင်ဗွီ(IV) သွားချိတ်လိုက်တာ ကောင်းသွားတယ် " ကျွမ်းဖန်ရှင်းက ဆိုသည်။

သူ တကယ်ပင် နေမကောင်းဖြစ်နေလေပြီ။ ယခု အမြန်မပြန်ပါလျှင် သူတို့အား အဆင်မပြေဖြစ်စေလိမ့်မည်။ ထို့ကြောင့် သူ့ကိုယ်သူ ထူမပြီး ထွက်လာလိုက်တော့၏။

" မင်း တစ်ယောက်တည်း အဆင်ပြေပါ့မလား " ရွယ်မောက်ချန်က မေး‌လာသည်။

" အဆင်ပြေမှာပါ။ ဖေကြီးကို အတူခေါ်သွားမှာ " ကျွမ်းဖန်ရှင်းက လမ်းလျှောက်နေရင်းနှင့်ပင် တောက်တောက်ပပ ပြုံးပြလိုက်လေသည်။

ကျန်းခန့်သာ၍ မာစေ(Hope You've Been Well)حيث تعيش القصص. اكتشف الآن