မှန်မှန်ပြန်တင်ပေးနိုင်အောင် တကယ် တကယ်ကို ကြိုးစားပါ့မယ်။ ကလေးတွေကို ချစ်ပေးကြပါဦး... <3
ပြီးတော့ မေးချင်တာ ဇော်ဂျီနဲ့ဖတ်တဲ့သူ ရှိသေးလားဟင်။ မရှိရင် uNI ပဲ တင်တော့မလို့လေ။
-----------------------------------------------------------------------------------------------------
အခန်း (၂၂) - ကံကောင်းလိုက်တဲ့ ငါလေး
ထိုအဖြေကို ကြားလိုက်သည့်အခါ ကျွမ်းဖန်းရှင်းတစ်ယောက် ရုတ်တရက် ဘာကိုမှ စိတ်မဝင်စားတော့ချေ။ ထိုအခိုက်အတန့်လေးတွင် အံ့ဩမှု၊ စူးစမ်းလိုမှုနှင့် မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့သဖြင့် ပျော်ရွှင်မှုတို့သာ ကြီးစိုးနေကာ နားလည်ရခက်သော ခံစားချက်များသာ ရှိတော့လေသည်။
ဘယ်လိုခံစားချက်ကြီးလဲဟု သူမတွေးဘဲ မနေနိုင်ခဲ့ပေ။
သူ့၌ လက်တွဲဖော်ပင် မရှိသေးသည်ကို ဘယ်လိုကြောင့် တခြားသူ၏ ချစ်မှုရေးရာကိစွအား စိတ်ပါဝင်စားနေမိသနည်း။
ကျွမ်းဖန်ရှင်း အားတင်းပြီး ပြုံးလိုက်ကာ တတ်တတ်ကြွကြွနှင့် ပြောလိုက်ပါ၏။
"ဝိုး...၊ အဲ့လိုဆိုလည်း ကံကောင်းပါစေကွာ"
"အဆင်ပြေနိုင်ခြေတော့ ရှိပါတယ်" ကုကျောရန်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလာပါ၏။
သူက ကျွမ်းဖန်ရှင်း ပုခုံးပေါ် လက်တင်လိုက်ရင်း ကျောင်းဆောင်ထဲမှ ထွက်လာသည်။ ညလေပြေ တဖြူးဖြူးတွင် သူက အာချောင်လာပါသေးလေသည်။
"သူလည်း ငါ့ကို သဘောကျပုံပေါ်တယ်လေ"
ကျွမ်းဖန်ရှင်းက ကုကျောရန်အား ချာခနဲ လှည့်ကြည့်မိသည်။ အမှန် အကျိုးနည်းပင်။ ချင်းဝေနှင့် ဝမ်ချူရန်သည် ဘယ်အချိန်ကတည်းက ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားရသနည်း။ သူ ကုကျောရန် လက်ထဲမှ ရုန်းထွက်လိုက်ပါ၏။ ဘာကြောင့်မှန်းမသိပေမဲ့ သူ ဆက်မကြားချင်တော့ပေ။ သူက ရှေ့ဆက်သွားရင်း ပြောလိုက်တော့သည်။
"ငါ့ကို လာမပြောကြနဲ့"
ကုကျောရန်ကမူ နောက်မှ ပြုံးစစနှင့် လိုက်လာပါ၏။ ဘေးဘီဝဲယာရှိ လမ်းမီးတိုင်များ၏ ဝါဖျော့ဖျော့၊ ခပ်မှိန်မှိန်အလင်းရောင်ကြောင့် ခပ်သုတ်သုတ်ထွက်သွားသော ကျွမ်းဖန်ရှင်း၏ ဝိုးတဝါးအရိပ်ငယ်ကို ဖမ်းဆုပ်လျက်သား။ ထိုကောင်လေးသည် ဘယ်လိုကြောင့် အလွယ်တကူ အရှက်သည်းတတ်ရသနည်း။
ESTÁS LEYENDO
ကျန်းခန့်သာ၍ မာစေ(Hope You've Been Well)
Romance别来无恙/ Hope You've been Well မူရင်းစာရေးဆရာ - Bei Nan/ ပေနန် ( 北南 ) အပိုင်းအရေအတွက် - 98+1(Extra) အဓိကဇာတ်ကောင် - Gu Zhuoyan/ ကုကျောရန် ၊ Zhuang Fanxin/ ကျွမ်းဖန်ရှင်း အမျိုးအစား - Comedy, Drama, Romance, School Life, Slice of Life, Yaoi