အခန်း (၁၁) - လက်ရုံးတော်သုံးဖော်
ကုကျောရန်နှင့် ကျွမ်းဖန်ရှင်းတို့သည် ဆံပင်အလှပြင်ဆိုင်မှ ထွက်လာလိုက်ကြပြီး အပင်ရိပ်များအောက်မှ လျှောက်လာလိုက်ကြပါ၏။ လမ်းမှာ လမ်းဟောင်းတစ်ခုဖြစ်ပြီး သစ်ပင်များသည်လည်း သက်တမ်းရင့်သစ်ပင်များ ဖြစ်ကြလေသည်။ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်ခန်းများမှာ အနည်းဆုံးဆယ်နှစ်သက်တမ်းရှိလောက်ပြီး ထို့ထက်ပင် သက်တမ်းပိုရှိကောင်းရှိနိုင်သေး၏။
လမ်းတစ်လျှောက်လုံး၏ ဘေးဘက်၌ အုတ်နံရံဟောင်းတစ်ခုရှိလေကာ ထိုနံရံ၏ အနောက်ဘက်တွင် နာမည်ကြီးလူပုဂ္ဂိုလ်တစ်ဦး၏ အိမ်ဂေဟာဟောင်းတစ်ခုရှိပြီး အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပေသည်။
" မင်း ရုန်ချန်ကိုရောက်တာ ရက်အတော်ကြာနေပြီကို ခုထိ ဘယ်မှ လျှောက်မလည်ဖူးသေးဘူးမလား " ကျွမ်းဖန်ရှင်းက မေးလာပါ၏။
အခွင့်သာခိုက်မှ မလိုက်ချင်ပါလျှင်မူ ကုကျောရန်မဟုတ်တော့ပါပေ။
" ငါက ဒီပတ်ဝန်းကျင်နဲ့ သိပ်မရင်းနှီးဘူးမို့ မင်း လိုက်ပြပေးလို့ရလား "
ကျွမ်းဖန်ရှင်းသည် သေချာသတိကပ်ကာ စဉ်းစားကြည့်ပါ၏။ ကုကျောရန်သည် မူလကတည်းက ရုန်ချန်သို့ လာရန်ဆန္ဒမရှိခဲ့သည်မို့ ရှုခင်းလည်ပတ်ကြည့်ရှုရန်လည်း စိတ်မဝင်စားလောက်ပေ။ ကုကျောရန်က သူ့အား ရိုသေသမှုနှင့် ရေလိုက်ငါးလိုက်ပြောပေးခြင်းသာ ဖြစ်ပေမည်။
" ထားလိုက်တော့ " သူက စဉ်းစဉ်းစားစားဖြင့် ပြောလိုက်ပါတော့၏ " ရုန်ချန်မှာက လည်စရာနေရာလည်း သိပ်တော့မရှိပါဘူး "
ကုကျောရန်သည် ယခုကဲ့သို ငြင်းပယ်ခံရရန် မမျှော်မှန်းထားမိပါချေ။ စိတ်ခံစားမှု အရိပ်အခြေနှင့်ပက်သက်လျှင် သူ၏အတွေ့အကြုံမှာ သုညအစဖြစ်သည်မို့ ရုတ်တရတ် ဘာပြန်ပြောသင့်သည်မှန်းလည်း မတွေးတတ်တော့ပေ။ တလတ်လတ် တဖျတ်ဖျတ်နှင့် တောက်ပစွာခင်းကျင်းထားသည့် အလှပစ္စည်းဆိုင်ငယ်အနားသို့ ရောက်သည့်အခါ၌ ကုပေါင်ရန်က သူတို့နှစ်ယောက်အား ချန်ထားခဲ့ပြီး ဆိုင်ထဲသို့ ပြေးဝင်သွားလေသည်။
ESTÁS LEYENDO
ကျန်းခန့်သာ၍ မာစေ(Hope You've Been Well)
Romance别来无恙/ Hope You've been Well မူရင်းစာရေးဆရာ - Bei Nan/ ပေနန် ( 北南 ) အပိုင်းအရေအတွက် - 98+1(Extra) အဓိကဇာတ်ကောင် - Gu Zhuoyan/ ကုကျောရန် ၊ Zhuang Fanxin/ ကျွမ်းဖန်ရှင်း အမျိုးအစား - Comedy, Drama, Romance, School Life, Slice of Life, Yaoi