[UNI] အခန်း (၁)

5.4K 343 7
                                    

အခန်း (၁) - ကပြားလား

ရုန်ချန်၏နွေရာသီက ပြောမပြတတ်အောင် ပူသည်။

ကျွမ်းဖန်ရှင်းတစ်‌ယောက် အေပရွန်ဝတ်ပြီး သူ၏လှောင်ပိတ်နေသည့် အခန်းလေးထဲ၌ မလှုပ်မယှက်ထိုင်ရင်း ပုံဆွဲနေသည်မှာ လေးနာရီကျော်ရှိနေလေပြီ။  ရုတ်တရက်ကြားရသည့် ခွေးဟောင်သံက ပြတ်ပြတ်သားသားပေမို့ အိမ်ရှေ့တံခါးဝဆီမှ ဖြစ်ပုံပေါ်သည်။

ကျွမ်းဖန်ရှင်း လက်ထဲက ဆေးစပ်ဘုတ်ပြားကို ချကာ ဝရန်တာသို့ ထွက်ကြည့်မိပါ၏။ ခြံဝင်းတံခါးဝတွင် အဘိုးအိုတစ်ဦးနှင့် ဂျာမန်သိုးထိန်းခွေးတစ်ကောင် ရှိနေကာ အဘိုးအိုသည် ဘေးအိမ်တွင် တစ်ဦးတည်းနေသော ရွှယ်မျိုးရိုး အဘိုးသာဖြစ်လေသည်။

ကျွမ်းဖန်ရှင်း သူ့အား အော်ခေါ်လိုက်ပါ၏။

" ရွှယ်ဘိုးဘိုး "

ရွှယ်မောက်ချန်က ရပ်လိုက်ပြီး ကျွမ်းဖန်ရှင်းကို လက်လှမ်းပြသည်။

" ရှောင်ကျွမ်း၊ လာဆင်းဆော့ပါလား "

ကျွမ်းဖန်ရှင်းက လှေကားတစ်လျှောက် အမြန်‌ပြေးဆင်းလိုက်လာလိုက်၏။ အိမ်ရှေ့ရှိ ဥယျာဉ်ငယ်လမ်းတစ်လျှောက် မရပ်မနားပြေးပြီးသည့်နောက် ခြံဝင်းတံခါးဝတွင် သူရပ်လိုက်‌သည်။ သူဟန်ချက်မထိန်းနိုင်‌သေးခင်မှာပင် ဂျာမန်သိုးထိန်းခွေးကြီးက သူ့အပေါ် ခုန်အုပ်ပြီးနေလေပြီ။ သူသည် ငယ်စဉ်ကတည်းက တိရစ္ဆာန်အကောင်ငယ်လေးတွေကို သဘောကျခဲ့သော်လည်း သူ့မေမေက ဘယ်တော့မှ မွေးခွင့်မပြုခဲ့‌ချေ။

ရွှယ်မောက်ချန်က သူ့ကို အကဲခတ်ကာနေသည်။

" မင်း အေပရွန်က ပေပွနေတာပဲဆိုတော့ကာ မင်း ပန်းချီဆွဲနေပြန်တာမလား "

ကျွမ်းဖန်ရှင်းက တုံ့ပြန်မှုအနေနဲ့ 'အင်း' တစ်လုံးသာ ပြန်ပြောလိုက်၏။ သူ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုတွေက လျော့ကျမသွားဘဲ ကျန်ရှိနေဆဲ။

" ရွှယ်ဘိုးဘိုး ခွေးမွေးထားတာလား " သူမေးလိုက်သည်။

ခွေးက အတော်လေး ငယ်ဦးမည်ဟု ခံစားရ‌သောကြောင့် သူထပ်‌လောင်းမေးလိုက်ပါသေး၏။

ကျန်းခန့်သာ၍ မာစေ(Hope You've Been Well)حيث تعيش القصص. اكتشف الآن