[UNI] အခန်း (၁၃)

803 132 16
                                    

ဒီတစ်ပိုင်း တစ်ဝက်လောက်အထိက အကြာကြီးပြင်ရင်း၊ ပြင်ရင်း၊ တရုတ်လိုတွေနဲ့ပါ တိုက်ပြင်လည်း ခုထိဘာလိုနေမှန်းကို မသိသေးပါဘူး Goman 🙏

သတင်းကောင်းက‌တော့ ဒီအပိုင်းလောက်ကစပြီး butterflyလေးတွေလာပါပြီ (◕ᴗ◕✿)
__________________________________

အခန်း (၁၃) - ပိုင်လိုသူ၏ ကြည်လဲ့သောနှင်း

နှိုးစက်မြည်လာသည်မို့ ကျွမ်းဖန်ရှင်းတစ်ယောက် မျက်လုံးမပွင့်တပွင့်နှင့်ပင် ဂွမ်းစောင်ပုံထဲမှ ထွက်ကာ နှိုးစက်ကို လှမ်းပိတ်လိုက်သည်။ ပြီးလျှင် တအီအီပြုကာ စောင်ပုံထဲ ပြန်ဝင်အိပ်လိုက်ပါ၏။ သို့သော် သူ၏ ခေါင်အုံးဘေးရှိ ဖုန်းသည်က စာတစ်စောင်လက်ခံရရှိကြောင်း အသိပေးလာပြီး ထိုစာသည် ကုကျောရန်ဆီမှ ဖြစ်နေလေသည်။

[ ကျောင်းအတူသွားရအောင်။ ခြံရှေ့မှာ တွေ့ကြမယ်။ ]

ကျွမ်းဖန်ရှင်း နားမလည်နိုင်စွာဖြင့် ထထိုင်လိုက်မိ၏။ ပြတင်းအပြင်ဘက်ရှိ ကြည်လင်တောက်ပနေသည့် ကောင်းကင်ပြင်ကိုပင် ငေးကြည့်နေမိသေးကာ အဆုံးမှာမှ ယနေ့သည် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်ကြောင်း သတိရမိတော့သည်။ သူက ခြေထောက်ရှပ်တိုက်ဖြင့် ရေချိုးခန်းဆီသို့ တရွတ်ဆွဲသွားကာ ရေချိုးလိုက်ပါ၏။ သူကျောင်းဝတ်စုံလဲပြီးသည့်နောက်တွင် မနက်စာပင်စားဖို့ပင် အချိန်မရှိတော့သောကြောင့် လွယ်အိတ်ကောက်လွယ်လိုက်ပြီး အပြင်ထွက်လာလိုက်တော့သည်။

စက်ဘီးသည် ခြံဝင်းတံခါးကြီးဘေး၌ ရပ်လျက်ရှိနေပါ၏။ ကျွမ်းဖန်ရှင်းတစ်ယောက် အိမ်အပြင်သို့ ရောက်ရောက်ချင်းပင် ခြံဝင်းတံခါးဆီသို့ လှမ်းကြည့်လိုက်မိလေသည်။ ကုကျောရန်က နေရာ၌ အသင့်ရောက်နှင့်နေလေပြီ။

" နောက်က လိုက်စီးမလား " သူ မေးလိုက်၏။

ကုပေါင်ရန်သည်လည်း ယနေ့ ကျောင်းစ,တတ်ရ‌သည်မို့ ရွှယ်မောက်ချန်က ကုပေါင်ရန်အား ကား‌ဖြင့် ကျောင်းလိုက်ပို့သောကြောင့် လက်ရှိတွင် ကုကျောရန်တို့အိမ်၌ ကားရှိမနေချေ။ ကုကျောရန်ကမူ ကျွမ်းဖန်ရှင်း၏ သေးသွယ်သော ‌ခြေတံလက်တံလေးများကိုကြည့်ရင်း ငြင်းလေသည်။

ကျန်းခန့်သာ၍ မာစေ(Hope You've Been Well)Where stories live. Discover now