[UNI] အခန်း (၆)

923 180 10
                                    

အခန်း (၆) - လက်ချော်သွားတာ။

ကျွမ်းဖန်ရှင်း ရင်တုန်ပန်းတုန်ဖြစ်လာသည်မှာ နှလုံးခုန်သံပင် တဒုတ်ဒုတ်။ လက်ရှိအချင်းအရာအား စကားလုံးနှစ်လုံးတည်းနှင့် ဖော်ပြရပါလျှင်မူ သေပြီ ဟူ၍။

ဤ‌မေးခွန်းအစုံသည် အလွန်ခက်လှသောကြောင့် အတန်းတစ်ခုလုံး၏ အမှတ်က ပုံမှန်ထက် ပိုနည်းနေခြင်းဖြစ်ပေသည်။ ယခုပုစ္ဆာသည်ကား အခက်တကာ့အခက်ဆုံး ပုစ္ဆာများထဲမှ အခက်ဆုံးဆိုသည့်ပုစ္ဆာ ဖြစ်ပေသည်။ ယင်းကဲ့သို့ အခြေအနေမျိုးတွင် သူတစ်ယောက်တည်းက အမှတ်ပြည့်လာရနေလေ၏။ သူသည် အရောင်အဝါတလက်လက်ဖြင့် တစ်ယောက်တည်းချွန်၍ တော်တတ်ထူးချွန်‌နေပါသော ပညာရှင်ရွက်ပုန်းသီးလေးအလား။

သို့သော် ရိုးရိုးသားသားဝန်ခံရပါလျှင် သူသည် မေးခွန်းကိုပင် နားမလည်ပါချေ။

" တောင်းပန်ပါတယ်၊ ဆရာမ ရှင်းပြတာက ပိုကောင်းမယ်ထင်တယ် " ကျွမ်းဖန်ရှင်း အားအင်ကုန်ခန်းနေသည့်ဟန်လေးဖြင့် " ကျွန်တော်က စာလည်း သိပ်မရှင်းပြတတ်ဘူး "

" ရှက်မနေပါနဲ့၊ လာ...ရှေ့ထွက်ပြီး စဉ်းစားပုံ၊ စဉ်းစားနည်းကို သူတို့ကို ရှင်းပြပေးရုံလေးပဲ " ဆရာမက တစ်တန်းလုံးကို တစ်ချက်‌ဝေ့ကြည့်ပြီး တိုက်တွန်းပါ၏။

" ဒီ ပုစ္ဆာကို ဖြေရှင်းဖို့ နည်းလမ်းနှစ်ခုရှိတယ်၊ ကျွမ်းဖန်ရှင်း တွက်ထားတဲ့ပုံက ဆရာမ ရှင်းပြမယ့် တွက်နည်းနဲ့ မဟုတ်ဘူး၊ သေချာ နားထောင်ကြ "

ကျွမ်းဖန်ရှင်း ‌ခြေချုပ်မိလေပြီ။ သူ့တွင် ရှေ့ထွက်လာရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သူက စင်ပုလေးပေါ်သို့ လေးကန်ကန်ဖြင့် ရှပ်တိုက်လျှောက်လာလိုက်၏။ စာရွက်ကို ကိုင်ထားသည့် သူ့လက်ဖဝါးတွေကမူ ချွေး‌စေးထွက်နေလေပြီ။ တစ်တန်းလုံး၏ စူးစိုက်နေသည့် အကြည့်များရှေ့၌ မတ်တပ်ရပ်ရသောအခါတွင် သူ့တစ်ကိုယ်လုံးတွင် ကြောက်စိတ်ကလွဲ၍ ဘာမျှမကျန်တော့ပေ။

ဆရာမက ရယ်ပါ၏ " မျက်နှာက ဘယ်လိုဖြစ်တာလဲ၊ မင်းက တစ်တန်းလုံးထဲမှာ ကံဆိုးသူမောင်ရှင် ဖြစ်ပြီ ထင်လို့လား၊ မင်း နေမကောင်းဘူးလား "

ကျန်းခန့်သာ၍ မာစေ(Hope You've Been Well)Donde viven las historias. Descúbrelo ahora