[UNI] အခန်း (၁၄)

788 126 17
                                    

အပေါ်က YouTube Videoက ဒီထဲက ထျန်းမီမီဆိုတဲ့ သီချင်းပါ။ ကိုယ်တော့ မို့မို့မြင့်အောင်ပဲ ပြေးမြင်နေလို့😂😂
________________________________

အခန်း (၁၄) - ကျွမ်းဖန်ရှင်း ဘယ်လိုသိသွားပါသနည်း။

ချီနန်က သဲကြီးမဲကြီး ခပ်သော့သော့ရေးရင်းမှ တစ်စုံတစ်ခုအား ရုတ်တရတ်သတိရသွားကာ ပြောလာလေသည်။

" အိုး၊ ဟုတ်သားပဲ၊ မင်းအရင်တစ်ခေါ်က် ယိနန်ကိုလာတုန်းက ကမန်းကတန်းပြန်သွားတယ်ဆို၊ အမေက မင်းဆီ ယွမ်နှစ်ရာပြန်ပေးဖို့ ပြောလိုက်တယ် "

ကျွမ်းဖန်ရှင်း ထိုနေ့ကဖြစ်ရပ်အား အချိန်အတော်ကြာမေ့ထားမိခဲ့ခြင်းပင်။ ထိုနေ့က သူသည် ကုကျောရန်အား ကိတ်မုန့်ဝယ်ကျွေးမည်ဟု ကတိပေးထားခဲ့ပါသော်လည်း ကုကျောရန်က ပိုက်ဆံနှစ်ရာအား စားပွဲပေါ် ပစ်တင်ကာ အပြင်ထထွက်သွားခဲ့ပါ၏။ မည်သို့ပင်ဖြစ်စေ ကိတ်မုန့်နှစ်လုံးသည် ယွမ်နှစ်ရာတော့ မကျပါချေ။ သူက လက်ဝါးဖြန့်ကာ ‌ပြန်တောင်းလိုက်လေသည်။

" ဘယ်မလဲ ၊ပိုက်ဆံ "

" နောက်ကြုံရင် ပြန်ပေးမယ် " ချီနန်က ရယ်ကျဲကျံဖြင့် ဆိုလာပါ၏ " ဂိမ်းထဲ ပိုက်ဆံဖြည့်လိုက်ပြီ "
  
ကျွမ်းဖန်ရှင်းသည် ချီနန့်အား ထပ်တလဲလဲ ထိုးလေတော့သည်။ သူက ပိုက်ဆံအိတ်ထဲမှ ယွမ်နှစ်ရာကို ထုတ်ယူလိုက်ပြီး ကုကျောရန်၏ ထိုင်ခုံနေရာဆီသို့ လျှောက်သွားလိုက်၏။ ဘယ်ဘက်လက်တွင် ဘောပင်အဖုံးကိုင်ထားပြီး၊ ညာဘက်လက်ထဲ၌မူ ပိုက်ဆံကိုင်ထားကာ စားပွဲဘေး၌ သူသွားရပ်လိုက်သည်။

" ဒီမှာထိုင်ရတာ အဆင်ပြေလား " သူ မေးလိုက်ပါသေး၏။

" အင်း၊ အဆင်ပြေတယ်၊ စားပွဲခုံသုတ်ပေးထားတဲ့အတွက် ကျေးဇူးပဲ " ကုကျောရန်က ဆိုသည်။

စာရေးစားပွဲမျက်နှာပြင်ပေါ်၌ အရှင်းမခြောက်သေးရှာသော ရေကွက်အနည်းငယ် ကျန်နေသေးပါသော်ငြား ၎င်းသည်  သန့်ရှင်းတောက်ပြောင်နေပေ၏။ ကြိမ်ဖန်များစွာ သုတ်ထား၍ ဖြစ်မည်ဟု သူသိနေသည်။

" ရပါတယ် " ကျွမ်းဖန်ရှင်း လက်သီးဆုပ်နှစ်ခုကို ရှေ့ထုတ်လိုက်ပေးလိုက်၏ " မှန်းကြည့်၊ ဘယ်ထဲမှာ ဘောပင်အဖုံးရှိလဲ "

ကျန်းခန့်သာ၍ မာစေ(Hope You've Been Well)Onde histórias criam vida. Descubra agora