[ZG] အခန်း(၄)

233 42 2
                                    

အခန်း (၄) - လိုအင်ဆန္ဒတို့ ပြည့်ဝခဲ့ပေ၏။

တစ်ပတ်ခန့်ကြာသောအခါ ကုကျောရန်၏ အခန်းတစ်ခုလုံး ပြင်ဆင်ပြီးသွား‌လေပြီ။ တစ်ခန်း‌လုံး၏ နံရံဆေးရောင်နှင့် အပြင်အဆင်တို့အထိ အလုံးစုံ ပြီးစီးသွားခဲ့သည်။ ကုကျောရန်ကိုယ်တိုင်ပင်လျှင် လက်ရှိအခြေအနေနှင့် တဖြည်းဖြည်း ပို၍ အသားကျလာပြီ ဖြစ်၏။ သူက မစ္စဟူ၏လက်ရာ စားဖွယ်များနှင့်လည်း အဆင်ပြေလာခဲ့သလို ခွေးကြီးကိုလည်း ပို၍ဂရုစိုက်ပေးပြီး အိတ်တစ်ဖက် ပုဝါတစ်ဖက်နှင့် နေ့စဉ် အတူတူလမ်းလျှောက်ထွက်ပေးလေသည်။

သူ ရေချိုးပြီးသည့်နောက် အခန်းတွင်းသို့ လျှောက်လာလိုက်၏။ အခန်းတွင်း၌ ကုကျောရန်တစ်ယောက် ဘာဘီရုပ်အား သူ၏ပြိုင်ကားပုံစံငယ်ထဲ ထည့်ဆော့နေသော ကုပေါင်ရန်အား တွေ့လိုက်ရလေသည်။

" နင် အပြင်ထွက်ဖို့ သုံးစက္ကန့်အချိန်ရမယ် " သူ ပြောလိုက်ပါ၏။

ကုပေါင်ရန်က လိမ်လိမ်မာမာဖြင့်ပင် နာခံသည်။ ပြိုင်ကားငယ်ကို သူ့နေရာနှင့်သူ ပြန်ထားလိုက်ပြီး ဗီဒီယိုဂိမ်းကစားရန် ကွန်ပြူတာဆီသို့ ပြေးတော့လေသည်။ ကုကျောရန်က ကုတင်ခြေရင်းတွင် ထိုင်ကာ သဘက်ဖြင့် ဆံပင်ရေသုတ်နေလိုက်သည်။ အပေါ်ပိုင်းဗလာဖြင့် ခြေတစ်ဖက်ကိုလည်း ဘာဘီအရုပ်၏ စကတ်ပေါ် တင်ထားသေး၏။ သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ နံရံပေါ်၌ ချိတ်ဆွဲထားသည့် သူ့အား ကျွမ်းဖန်ရှင်းပေးခဲ့‌ပါသော လက်တစ်စုံကားချပ်ကို တွေ့ရပါ၏။

သူက ထိုကားချပ်ကိုမြင်ရသည့်အခါ သည်အခန်းဒီဇိုင်း၊ သည်ပုံကြမ်းကားချပ်၊ ခြံထဲရှိ လတ်ဆတ်စွာဖူး‌ဝေနေသည့် ပန်းပွင့်များအပါအဝင် အရာအားလုံးသည် ကျွမ်းဖန်ရှင်းဆီမှ လက်ဆောင်ရထားခြင်းဖြစ်ကြောင်း တွေးမိတော့သည်။ စိတ်ထဲရှိသည့်အတိုင်း မကွယ်မဝှက်ဘဲ ပြောရမည်ဆိုပါလျှင် ကုကျောရန်သည် ကျွမ်းဖန်ရှင်းအား ကျေးဇူးတင်သင့်သည်ဟု တွေးမိပါ၏။ အထူးသဖြင့် သူကဲ့သို့ တပါးသူထံ၌ ကျေးဇူကြွေးအတင်မခံချင်သူ ဖြစ်နေပါက ပို၍ပင် ကျေးဇူးပြန်ဆပ်သင့်သေးပေ၏။

ကျန်းခန့်သာ၍ မာစေ(Hope You've Been Well)Where stories live. Discover now