[UNI] အခန်း (၁၂)

810 127 31
                                    

အခန်း (၁၂) - အတွင်းခံဘောင်းဘီပဲ ဝယ်ပေးလိုက်တော့။

" မင်းမေကြီးကို ရယ်နေလိုက် " လျန်ယိမင်က ထိုင်နေရာမှ ထလာလေသည်။ လူခေါ်‌ခေါင်းလောင်းက မြည်လာသည်မို့ အစောပိုင်းက မှာယူထားသည့် ညစာအတွက်ဖြစ်လိမ့်မည်ထင်၏။

ဝရုန်းသုန်းကားကျပြီးသည့်နောက်တွင် သူတို့အားလုံး ဗိုက်ဆာနေကြလေပြီ။ ကျောင်းအတူတူတတ်ခဲ့ကြတုန်းကလိုပင် လေးယောက်သား စားပွဲကိုဝိုင်းထိုင်လိုက်ကြပြီး မှာထားသည်များကို စားကြလေသည်။ လုဝမ်သည်ကား စိတ်မထိန်းနိုင်တော့ဘဲ ဝမ်းနည်းပက်လက်ဖြင့် ငိုရင်းပြောလာပါ၏။

" နောက်စာသင်နှစ်ကျရင် ဖျော်ဖြေပွဲလုပ်ဖို့ ဟောခန်းတစ်ခုလုံးကို အိတ်စိုက်ဌားထားခဲ့တာကွာ၊ မင်းက လာမကြည့်တော့ဘူးပေါ့ "

ကုကျောရန် မျက်မှောင်ကြုံ့မိသွားသည်။

" တီးဝိုင်းက ခုထိမပျက်သေးဘူးလား "

" သေလိုက်ပါလား၊ ပွဲဦးတောင် မထွက်ရသေးဘူး၊ ဘာလို့ ပျက်ရမှာလဲ "

လုဝမ်သည် ငယ်စဉ်ကမူ စစ်တပ်ထဲဝင်ရန် ဆန္ဒရှိခဲ့ပါ၏။ သို့သော် မူလတန်းဒုတိယနှစ်တွင် စစ်ရေးလေ့ကျင့်ရေးသင်တန်း ဆင်းပြီးသည့်အခါ ထိုအကြောင်းချင်းရာအား ထပ်မံပြောဆိုခြင်း မရှိတော့ပါပေ။ အထက်တန်းတန်းသို့ရောက်‌သောအခါ သူကအဆိုတော်ဖြစ်ချင်လာခဲ့ပြီး နောက်ခံမိသားစုကျေးဇူးဖြင့်ပင် တီးဝိုင်းတစ်ခု တည်ထောင်နိုင်ခဲ့လေသည်။ သို့နောက် တီးဝိုင်းတည်ထောင်ပြီးစ၌ အဖွဲ့ဝင်အလုံအလောက်မရှိခဲ့သောကြောင့် ကုကျောရန်ပင် ဂစ်တာသမားအဖြစ် လအနည်းငယ် ပါဝင်ပေးခဲ့ရသေး၏။

" ဖျော်ဖြေပွဲက ဘယ်တော့လဲ " စူးဝမ့်က မေးလာသည်။

" အမျိုးသားနေ့ " လုဝမ်က ဖြေ၏။
[ National Day = တရုတ်အမျိုးသားနေ့ = အောက်တိုဘာ ၁ရက်နေ့။ တစ်ပတ်လုံးပိတ်တယ်ပြောတယ်။ ]

စာသင်နှစ်သည် စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး သူက အောက်တိုဘာလတွင် ဖျော်ဖြေပွဲကျင်းပပေမည်။ ထို့အတွက် အစမ်းလေ့ကျင့်မှုအပါအဝင် တီးဝိုင်းကြိုတင်လေ့ကျင့်ရေးများစွာကို ပြုလုပ်ရ‌ဦးမည်ဖြစ်ပြီး အခြားသောပြင်ဆင်မှုများအတွက်လည်း ကောင်းစွာစီမံခန့်ခွဲန် လိုအပ်ပါသေး၏။ ဆိုရပါလျှင် သူသည် စာလုပ်ရန်စိတ်ကူး လုံးဝမရှိနေပါချေ။ ကုကျောရန်သည် လုဝမ်၏ မိဘများအစား သက်ပြင်းချမိလေသည်။ ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားပါ၏။

ကျန်းခန့်သာ၍ မာစေ(Hope You've Been Well)Where stories live. Discover now