[ZG] အခန်း (၁၉)

425 40 0
                                    

ဟိုင်း... အတော်နောက်ကျသွားတယ်နော်။
Translation Projectတစ်ခု လက်ခံလိုက်တာမို့ အမြန် အမီလုပ်ပေးနေရတာနဲ့ မအားတော့လို့ပါ။ အခုတော့ ပုံမှန် projectလေးတွေပဲ ရှိတော့တာမို့ ပြန်အားပါပြီ။ 🤗 (Translation လာအပ်လို့ရတယ်နော် ဖရုတို့ ဟဟဟ 🤣)

၁၂ လပိုင်း ၂၅ရက်နေ့က ကျွမ်းဖန်ရှင်းမွေးနေ့ပါ။ ကလေးလေး ချစ်သောသူနဲ့ မိသားစုတွေနဲ့အတူ အများကြီး ပျော်‌ရွှင်နိုင်ပါစေ 🎂💛
ပုံက Manhua ကမွေးနေ့အတွက်ဆွဲပေးတဲ့ ပုံပါ။ မွေးနေ့အကြောင်းက ဖတ်ရမှာပါ ဝတ္ထုမှာပါပါတယ်။

၁၂ လပိုင်း ၂၅ရက်နေ့က ကျွမ်းဖန်ရှင်းမွေးနေ့ပါ။ ကလေးလေး ချစ်သောသူနဲ့ မိသားစုတွေနဲ့အတူ အများကြီး ပျော်‌ရွှင်နိုင်ပါစေ 🎂💛 ပုံက Manhua ကမွေးနေ့အတွက်ဆွဲပေးတဲ့ ပုံပါ။ မွေးနေ့အကြောင်းက ဖတ်ရမှာပါ ဝတ္ထုမှာပါပါတယ်။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

________________________________________

အခန်း (၁၉) -  လှိုင်းတရိပ်ရိပ်

ထိုညက ကျွမ်းဖန်ရှင်းသည် အိပ်မက်လှလှလေး မက်ခဲ့လေသည်။ သူက မနက်စောစောကတည်းကပင် နိုးနှင့်ပြီးဖြစ်သော်လည်း အိပ်ရာထဲ လူးလှိမ့်ကာနေလိုက်သေးပါ၏။ သို့သော် သူဖုန်းယူကြည့်လိုက်မိသည့်အခါ မနေ့ညက အားကစားကိုယ်စားလှယ်ပို့ထားခဲ့သည့် ဓာတ်ပုံကိုတွေ့လိုက်ရပြီး ပျော်နေသည့်စိတ်လေးများက ရုတ်ချည်းပင် ချေမွခံလိုက်ရတော့သည်။

မိုးစင်စင်ပင်မလင်းသေးသည့်မို့ လူတိုင်း အိပ်မောကျလျက်ပင် ရှိဦးပေမည်။ သို့ဖြစ်၍ သူ ဝုန်းဒိုင်းကျဲလိုက်သည့်တိုင် မည်သူကမျှ သိလိုက်မည်မဟုတ်။ ကျွမ်းဖန်ရှင်း လက်မြှောက်လိုက်ပါတော့၏။ သူက အိပ်ရာမှထကာ အနုပညာခန်းမဆီသာ သွားလိုက်တော့သည်။ သူသည် အပတ်စဉ်တရုတ်စာလေ့ကျင့်ခန်းအိမ်စာအား ဘက်စ်ကားပေါ်၌ အသော့ရေးလိုက်၏။

ခန်းမသည် အနောက်တိုင်းမူဟန်ကဲ့သို့ တစ်ဆက်တည်းရှိနေသည့် အဆောက်အအုံ၏ ဒုတိယထပ်၌ ရှိလေသည်။ ကျွမ်းဖန်ရှင်းသည် အစောကြီး ရောက်နေသဖြင့် ပြတင်းပေါက်ဘေးရှိ ဆိုဖာပေါ်၌ ဒူးထောက်ထိုင်လိုက်ရင်း ပြတင်းဘောင်ကိုမှီကာ အပြင်ဘက်ရှုခင်းကို ကြည့်နေလိုက်‌မိသည်။ အောက်ဘက်ရှိ လမ်းများက ကားများဖြင့် ပြည့်သိပ်ကာနေ၏။ ဘေးရှိလူသွားလမ်းသည်က သစ်ပင်ကြီးများ၏ အုပ်မိုးမှုဖြင့် ပိတ်ကာလျက်ရှိသော်လည်း တက္ကစီလေးတစ်စီးက ဘေးသို့ချရပ်လာသည်ကို သူရေးရေးလေး မြင်နိုင်သေးလေသည်။
 
ထိုတက္ကစီလေးထဲမှ ကလေးငယ်တစ်ယောက်ဆင်းလာပါ၏။ သူက လှိုင်းတွန့်ဆံပင်ကောက်ကောက်လေးများရှိကာ အနီရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပေသည်။ ထိုကလေးမလေးက နေရောင်ရှိရာလက်သို့ လျှောက်လာသည့်အခါ ကုပေါင်ရန်မှန်း သူမျက်မှန်းတန်းလိုက်မိ၏။ ကျွမ်းဖန်ရှင်းတစ်ယောက် ဂရုတစိုက် လိုက်ကြည့်မိသည်၌ ကုပေါင်ရန်၏ ‌အနောက်ဘက် ခြေလှမ်းအနည်းငယ်အကွာ၌ တယောအိတ်နှင့် ရေဘူးကိုသယ်လာသည့် သူ့အစ်ကိုအား တွေ့လိုက်ရတော့ပေသည်။

ကျန်းခန့်သာ၍ မာစေ(Hope You've Been Well)Donde viven las historias. Descúbrelo ahora