အပိုင်း -- ၅

7.9K 761 28
                                    

လမင်းရေချိုးပြီးအိပ်ပျော်သွားတာမည်မျှကြာပြီမသိ။ဖုန်းသံကြားမှပင် လန့်နိုးလာရသည်။အိပ်ယာပေါ်မှဆင်းကာ နေရာချလက်စစာအုပ်ပုံပေါ်မှဖုန်းအား ကောက်ယူလိုက်တော့ တွေ့လိုက်ရသည်က မေသွန်းသစ္စာခေါ်ဆိုထားသည့် miss call များမှာနည်းနည်းနှောနှောမဟုတ်။ကြည့်နေရင်းမှပင် ပြန်ဝင်လာသောဖုန်းကောလ်အား လမင်းအမြန်ပင်ဖြေလိုက်ရ၏။

"ဟုတ်ကဲ့ ပြောပါမမလေး "

တစ်ဘက်မှအော်လိုက်သည့်အသံက အိပ်ချင်မပြေသေးသောသူ့အသိစိတ်များကို ရိုက်နှိုးလိုက်သလိုပင် ။

"ငါအိပ်ပျော်သွားလို့ပါသွန်းရယ်....အကုန်အဆင်ပြေတယ် ဘာမှစိတ်မပူနဲ့ "

"..................."

"ညမှ vc ခေါ်လိုက်တော့မယ် ဒါမှမဟုတ်စာအုပ်တွေနေရာချရင်းခေါ်စေချင်လည်း ခေါ်မယ်လေ "

"..................."

"အင်း အဲ့ဒါဆိုပြီးမှတွေ့မယ်နော် "

လမင်းဖုန်းပြောနေစဥ်မှာပင် အခန်းတံခါးကိုနှစ်ချက်မျှခေါက်ကာ ဖွင့်၍ဝင်လာသောမနှင်းကြောင့် လမင်းထိုင်ရာမှထလိုက်ရသည် ။

"ထမင်းစားရအောင်လာခေါ်တာညီမလေး အန်တီက မိသားစုဝင်အားလုံးနဲ့မိတ်ဆက်ပေးချင်လို့တဲ့ "

"ဟုတ်အစ်မနှင်း လမင်းလိုက်ခဲ့ပါ့မယ် "

ရှေ့ကဦးဆောင်၍လျှောက်နေသောမနှင်းကို လမင်းလက်တို့ကာခေါ်လိုက်မိသည် ။

"ဟို.... မနှင်း "

"ပြောလေညီမလေးဘာလုပ်ချင်လို့လဲ "

လမ်းလျှောက်မပျက်ပြန်ဖြေသောမနှင်းဘေးနား လမင်းတိုးကပ်ကာ

"ထမင်းပွဲကပြင်ပြီးပြီလားဟင်အစ်မနှင်း "

"ပြင်ပြီးပြီလေလမင်းရဲ့ ဘာဖြစ်လို့လဲ "

"နောက်ရက်တွေကျရင် လမင်းကိုလည်းခေါ်ပါနော်....လမင်းတတ်နိုင်တာလေးတွေကူလုပ်ပေးချင်လို့ပါ ဒီတိုင်းကြီးနေရမှာကျ အန်တီတို့ကိုအားနာလို့ "

"မလိုပါဘူးလမင်းရယ် ကိုယ့်စာကိုယ်သာအာရုံစိုက်ပါ ဒီမှာလည်းအလုပ်သမားတွေရှိနေတာ "

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now