𝙐𝙣𝙞𝙘𝙤𝙙𝙚
🍀🌹
စာဖတ်ဆောင်မှန်ထဲမှတစ်ဆင့် မြင်နေရသော ခင်ပွန်းဖြစ်သူနှင့် လမင်းထက်သာကိုကြည့်၍ ဒေါ်နန်းခမ်းနွယ်အတွေးများနေရသည်။ယခုသူမစဥ်းစားနေမိသောအကြောင်းအရာတွေဟာ ခင်ပွန်းဖြစ်သူ၏သိက္ခာကို ထိပါးစော်ကားနေသည့်အတွေးတွေဖြစ်ပေမယ့် မရပ်တန့်နိုင်။
သူမအမျိုးသားဟာ ထိုကလေးအပေါ်မှာအရမ်းပင်ဂရုစိုက်လွန်းနေသည်ဆိုတာငြင်းပယ်မရအောင်မြင်နေရသည့် အမှန်တရားတစ်ခု။အကယ်၍ လမင်းထက်သာဟာ သူမအမျိုးသား၏တိတ်တိတ်ပုန်း....."အို.....မဖြစ်နိုင်တာ ကိုဘုန်းက ငါ့အပေါ် အဲ့ဒီလိုလုပ်ရပ်မျိုးလုပ်မယ့်သူမဟုတ်ဘူး "
မဖြစ်နိုင်သောအတွေးများကြောင့် ချက်ချင်းပင် သူမခေါင်းကိုခါရမ်းလိုက်မိသည်။ကိုဘုန်းဘယ်လိုလူစားမျိုးဖြစ်သည်ဆိုတာ သူမအသိဆုံးဖြစ်သောကြောင့် ထိုအတွေးတို့ကိုလက်မခံနိုင်ပါ။အတူရှိလာခဲ့သည့်တစ်လျှောက်လုံး သူမအပေါ်နားလည်ဂရုစိုက်ပေးနိုင်ဆုံးလူသားဖြစ်သလို သူမကိုသိပ်ချစ်သည့်ခင်ပွန်း။
ထို့ကြောင့် မဖြစ်နိုင်သောအတွေးများကို သူမခေါင်းထဲကထုတ်ပစ်လိုက်သည်။ယုံကြည်နားလည်မှုတို့နှင့် တည်ဆောက်ထားသော သူမတို့အိမ်ထောင်ရေးမှာ လူမှုရေးဖောက်ပြားသည့်ကိစ္စမျိုးက ရှိမလာနိုင်ပါ။
🍀🌹
"ကျွန်တော်ပြန်ရောက်ပြီနော်ကိုကို....."
ဧည့်ခန်းထဲမှာ ကော်ဖီတစ်ခွက်ရှေ့ချကာ စာအုပ်ထိုင်ဖတ်နေသောအစ်ကိုဖြစ်သူအား ခေတ်သွေးမာန်နှုတ်ဆက်၍ သူနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။
"အလုပ်တွေကြိုးစားနေရတာ အရမ်းကိုပင်ပန်းလာတယ်ဆိုပါတော့ "
ဖတ်လက်စစာအုပ်ကိုချကာ သူ့ကိုကြည့်၍မေးလာသော အစ်ကိုဖြစ်သူစစ်မင်းနောင်၏အကြည့်တွေက ရွဲ့နေသည်ဆိုအထင်းသား။
"ကိုကို့မျက်နှာမြင်လိုက်ရမှ အမောဆို့သွားတာ ဆိုင်မှာတုန်းကသာသာယာယာပဲ။သိတယ်မလား အမောပြေလေးကရှိပြီးသားလေ။ကိုကို့လို အဝေးကသူလေးကို နှစ်နှစ်ကြီးမျှော်နေပြီး လည်တံရှည်နေရတာမဟုတ်ဘူး "
KAMU SEDANG MEMBACA
ကိုယ်ရွေးချယ်သည့် ကံ
Romansaနေရာမှားလာတာမကောင်းဘူး...... ဒါပေမယ့် ကံတရားမှားလာခဲ့ရင်ရော #Oo ____________________________ နေရာမှားလာတာမကောင်းဘူး...... ဒါပေမယ့် ကံတရားမှားလာခဲ့ရင်ရော #Oo