𝙐𝙣𝙞𝙘𝙤𝙙𝙚
"cctv ကနေ လမင်းကိုပဲကြည့်နေနော်အစ်မ။ကြည့်နေရင်းနဲ့ အစ်မချစ်သူလေးကအရမ်းချစ်စရာကောင်းလာရင် စိတ်ထဲကနေပြစ်မှားပစ်လိုက်သိလား။အစ်မပြစ်မှားတာခံချင်လွန်းလို့ပါ "
ရုံးခန်းထဲကမထွက်ခင် ကလိကလိဖြစ်အောင်စသွားသော သူ့စကားတွေဟာ သူမနားထဲမှာ ဝဲလည်ထပ်နေသည့်အခါ cctv မှသူ့လှုပ်ရှားမှုလေးများကိုကြည့်နေရင်း နှုတ်ခမ်းထက်မှာ အပြုံးတို့ကအလိုလိုဖြစ်ပေါ်နေ၏။
သူမကြည့်နေရင်းမှာပင် ကောင်တာနောက် cctv ရှိရာလှည့်လာပြီး လက်ညှိုးနှင့်လက်မလေးအား heart sign လုပ်ကာ မျက်စိတစ်ဖက်မှိတ်ပြလာသောထိုကလေးကြောင့် သူ မမြင်ရမှန်းသိပါလျက်နှင့်ပင် ခွန်းမျက်စောင်းတစ်ချက်ထိုးလိုက်မိ၏။
"အမြင်ကတ်စရာကောင်းတဲ့အတတ်ကလေး"
"အမြင်ကတ်စရာကောင်းတာလား နင်ချစ်မဝတာလား "
သူမအနောက်မှာ ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိသော လင်းအသံကြောင့် အလန့်တကြား စားပွဲပေါ်တင်ထားသည့်ဖုန်းကို ကောက်ကိုင်လိုက်မိသည်။
"အောင်မလေးမမခွန်းရယ် အခုမှရှက်မနေပါနဲ့။ရှင်အရမ်းသည်းသည်းလှုပ်နေတာကို ကျွန်မသိပါတယ် "
"အဟမ်း....ဘယ်မှာသည်းသည်းလှုပ်လို့လဲ။အလုပ်သေချာလုပ်သလားလို့ကြည့်နေတာလေ "
အရှက်ပြေချောင်းတစ်ချက်ဟန့်ကာ လင်းကို သူမပြန်ပြောလိုက်မိသည်။ချစ်သူစဖြစ်သည့်ရက်မှာ လူမိခံရတာက မဟုတ်သေးဘူးမလား။
"ငါ့ကိုပြောစမ်းပါဦး။ရှစ်ခေါက်ချိုးမျက်နှာကြီးနဲ့ရုံးခန်းထဲခေါ်သွားပြီးတော့ ပြန်ထွက်လာတဲ့သူရဲ့မျက်နှာကလည်း ပြီတီတီနဲ့ နင့်မျက်နှာကလည်း ရည်းစားခိုးထားတာလူမိမခံရဲတဲ့ပုံစံနဲ့။ဒါမှမဟုတ် အတည်ကြီးတွဲနေကြတာလားနင်တို့နှစ်ယောက် "
ရှားလော့ခ်ဟုမ်းအရှုံးပေးရနိုင်သည့် လင်းမြတ်သူပါပင်။သူမရှေ့တည့်တည့်မှာထိုင်ကာ သေချာကြည့်၍ တရားခံစစ်သနည်းပြူးကြည့်နေသောလင်းပုံစံက အတည်ကြီး သူမတို့အကြောင်းကို သေချာသိနေသည်ဆိုသည့်ပုံစံမျိုး။ခွန်း ဒီထက်ပို၍တင်းမခံချင်တော့ ။
YOU ARE READING
ကိုယ်ရွေးချယ်သည့် ကံ
Romanceနေရာမှားလာတာမကောင်းဘူး...... ဒါပေမယ့် ကံတရားမှားလာခဲ့ရင်ရော #Oo ____________________________ နေရာမှားလာတာမကောင်းဘူး...... ဒါပေမယ့် ကံတရားမှားလာခဲ့ရင်ရော #Oo