𝙐𝙣𝙞𝙘𝙤𝙙𝙚
အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားသောအခြေအနေတစ်ခုမှာ ခွန်းနှလုံးသားက ကိုယ့်ကိုကိုယ်ပြန်ခြောက်လှန့်နေသလိုခံစားရသည်။
စောစောကပြင်းပြင်းထန်ထန်ဖြစ်ပျက်သွားသော အခြေအနေအဆုံး ဧည့်ခန်းထဲမှာကျန်ခဲ့သူဟာ သူမနှင့်မေသွန်းသစ္စာနှစ်ဦးသာ။အဖြစ်အပျက်တွေစုံသွားသောအခါ ခံစားချက်တို့ထုံသွားသည်ထင်ပါ၏။ ငိုလည်းမငိုမိတော့သလို အရမ်းကြီးလည်းနာကျင်မနေတော့။သက်ပြင်းဖွဖွချလိုက်ကာ ထိုင်ရာမှထဖို့ရန်ပြင်မိတော့
"ခံစားချက်တွေတည်ငြိမ်သွားပြီလားမမခွန်း "
ခွန်းကိုမကြည့်ဘဲမေးလာသည့် မေသွန်းစကားကြောင့် ခုံမှာပြန်ထိုင်လိုက်မိသည်။
"ခံစားချက်တည်ငြိမ်တယ်ဆိုတာထက် ဒီထက်ပိုပြီးနာကျင်စရာမရှိတော့သလို အစ်မမှာ ထပ်ကွဲစရာအရှက်မရှိတော့ဘူးလေ။ဒီလောက်ဆို မင်းသဘောပေါက်ရောပေါ့။
အစ်မအနားမှာရှိနေမယ့်အစား မင်းသူငယ်ချင်းနောက်ကို လိုက်သွားရမှာမဟုတ်ဘူးလား ""မလိုက်ပါဘူး။အခုချိန်မှာ သူ့အတွက်တစ်ယောက်တည်းနေဖို့အချိန်လိုတယ်။ဒီမှာရှိနေတာက မမခွန်းကိုမေးစရာတွေရှိနေလို့ "
"အခုချိန်မှာ အစ်မဘာကိုမှမဖြေချင်ဘူးမေသွန်း "
ခွန်းမှာ အမှန်တကယ်လည်း ဘာကိုမှဖြေရှင်းချင်စိတ်ကျန်ရှိမနေတော့ပါ။စိတ်ပင်ပန်းမှုတွေများစွာထဲမှ နှလုံးသားကွဲကြေနေမှုကို မသိသလိုဟန်ဆောင်နေရသည်မှာ လွယ်ကူလှသည်မဟုတ်။
"မမခွန်းရဲ့အချစ်တွေကို ဘာတွေကဖုံးလွှမ်းထားလို့ ဒီလောက်လေးတောင်အမှန်မမြင်နိုင်ရတာလဲ။တကယ်တမ်း အရှက်ကွဲရတာကလမင်းပါ "
"ဘာရယ်...."
မေသွန်းသစ္စာဟာ သူငယ်ချင်းဘက်ကနာတတ်သားပဲဟု ခွန်းတွေးလိုက်မိပါသည်။
"သူကဘာတွေများအရှက်ကွဲရလို့လဲ။ယောက်ျားတစ်ယောက်ရဲ့ခိုးရာလိုက်ပြေးခဲ့လို့လား...အဲ့ဒါကသူ့ရွေးချယ်မှုနဲ့သူပဲလေ။
ယောက်ျားတစ်ယောက်ရှေ့မှာ အစ်မခန္ဓာကိုယ်ကို သူပိုင်ဆိုင်ခဲ့ပါကြောင်းထုတ်ဖော်ပြောခဲ့တာကျတော့ရော အစ်မကအရှက်မကွဲပေဘူးလား "
YOU ARE READING
ကိုယ်ရွေးချယ်သည့် ကံ
Romanceနေရာမှားလာတာမကောင်းဘူး...... ဒါပေမယ့် ကံတရားမှားလာခဲ့ရင်ရော #Oo ____________________________ နေရာမှားလာတာမကောင်းဘူး...... ဒါပေမယ့် ကံတရားမှားလာခဲ့ရင်ရော #Oo