အပိုင်း -- ၂၄

7.4K 614 24
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

အေးစက်စက်ယခုအခြေအနေကတော့ ဦးဘုန်းထက်သာ၏ရုံးခန်းထဲမှာ ဓာတ်ပုံတစ်ပုံကိုစားပွဲပေါ်တင်၍ သူမနှင့်ဦးဘုန်းထက်သာ ကိုယ်စီနှုတ်ဆိတ်နေကြသည်။

"ဒီဓာတ်ပုံကိုဘယ်ကရတာလဲသမီး "

"ကိုခေတ်သွေးမာန်ဆီကပါ "

စတင်ထွက်ပေါ်လာသော ဦးဘုန်းထက်သာ၏စကားအဆုံး သူမ မဆိုင်းမတွအဖြေပြန်ပေးမိသည်။

"သမီးဘာကိုသိချင်တာလဲ "

သူမမျှော်လင့်နေသည့်မေးခွန်းဟာ ရောက်ရှိလာလေပြီ။

"လမင်းက ဦးဦးရဲ့သမီးမဟုတ်ဘူးမလား။ဘာလို့ဆို ဦးဦးတို့မင်္ဂလာဆောင်တဲ့အချိန်မှာ လမင်းက မေမေနဲ့အတူရှိနေခဲ့ပြီလေ "

သူမမေးခွန်းကိုမဖြေဘဲ သူမကိုသာစိုက်ကြည့်နေသည်။

"အဲ့ဒီလိုပဲ။အစ်မကလည်း ဒေါ်နန်းခမ်းနွယ်ရဲ့သမီးအရင်း မဟုတ်ဘူးမလား "

"အဲ့ဒါကိုဘယ်လို....."

ထိုစကားအဆုံးမှာ အံ့သြထိတ်လန့်မှုတို့နှင့် ဦးဘုန်းထက်သာ၏မျက်နှာဟာ ဖြူဖျော့သွားသည်။

"အခုလိုမေးတာက ပြဿနာလုပ်ချင်လို့မဟုတ်ပါဘူး။အစ်မကိုလည်းလမင်းမပြောပြပါဘူး။ဒီအတိုင်း အမှန်တရားကိုသိချင်ရုံပါ။လမင်းကို အမှန်အတိုင်းလေးပြောပြပေးပါဦးဦး။လမင်းအဖေအရင်းက ဘယ်သူလဲ၊အစ်မကရော လမင်းနဲ့သွေးသားတော်စပ်တာလား"

သူမမေးခွန်းအဆုံးမှာ မျက်နှာပျက်သွားသည့်ဦးဘုန်းထက်သာကို အနည်းငယ်တော့အားနာစိတ်ဖြစ်မိ၏။အမှန်ဆိုလျင် သူမစွန့်ပစ်ခံခဲ့ရသည့်ကိစ္စဟာ ဦးဘုန်းထက်သာနှင့်မသက်ဆိုင်။သူတို့လက်မထပ်ခင်ကတည်းက ဖြစ်ခဲ့ရသည့်ကိစ္စဖြစ်သောကြောင့် ဘယ်လိုတွေဖြစ်ခဲ့သလဲဆိုတာ လမင်းသိပ်ကိုသိချင်လှသည်။

"အမှန်တရားကို ခွန်းလေးသိထားပြီးသားပါ "

"ဟင်....အဲ့ဒါဆိုအစ်မကသိလျက်နဲ့...."

သိလျက်နဲ့ သူ့ကိုဘာလို့အဝေးကိုတွန်းထုတ်နေသလဲ တွေးမိသည့်အခါ တွဲလျက်ပေါ်လာသည့် ကိုစစ်မင်းနောင်၏မျက်နှာကြောင့် ရင်ပူလာရသည်။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now