အပိုင်း -- ၃၁

7.3K 605 36
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

မှန်ထဲမှတစ်ဆင့်မြင်လိုက်ရသည့် အိုးဝေပေါ်တက်သွားသောအမျိုးသမီးကြောင့် ခွန်း ဆိုင်ပေါက်ဝဆီအပြေးသွားမိသည်။သို့သော် ဘယ်သူဘယ်ဝါသေချာမမြင်လိုက်ရ။

"ဘာဖြစ်လို့လဲ ခွန်း...."

အနားရောက်လာကာ သူမနည်းတူ ဟိုဒီကြည့်ပြီး ကိုကိုကမေးသည်။မဖြစ်နိုင်ပါဘူးဟူသည့်အတွေးတို့နှင့် ခွန်း သူ့ကိုခေါင်းခါပြကာ

"ရင်းနှီးတဲ့လူတစ်ယောက်ကိုတွေ့လိုက်မိသလားလို့ပါ....ဒီဝတ်စုံလေးကိုပဲဖယ်ထားလိုက်တော့အစ်မ...တခြားထပ်မဝတ်ကြည့်တော့ဘူး "

ဝန်ထမ်းအစ်မကိုပြောပြီး သူမအဝတ်လဲခန်းထဲပြန်ဝင်လာမိသည်။မျက်လုံးထဲမှာစွဲနေသည့် ကျောပြင်ကလေးကိုပြန်တွေးရင်း စောစောကမြင်လိုက်ရသည့်ကောင်မလေး၏ပုံစံနှင့် ယှဥ်ကြည့်နေမိသည်။

"ဘာလို့အဲ့လောက်တူနေရတာလဲ....ပြန်လာတာများလား"

အဝတ်အစားအမြန်လဲကာ သူမ ထိုဆိုင်ထဲမှဦးစွာထွက်လာခဲ့သည်။ဆိုင်ရှေ့ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိပေမယ့် အရိပ်အယောင်ပင်မတွေ့ရ။

"သွားရအောင်ခွန်း...."

လက်ဖဝါးကို လာရောက်ဆုပ်ကိုင်သည့် ကိုကို့လက်ဖဝါးမှ သူမ မသိမသာရုန်းထွက်၍ ကားထဲကိုဝင်လာခဲ့လိုက်သည်။သူကတော့ထိုနေရာမှာပင် နွေလပြည့်နှင့်စကားရပ်ပြောကာကျန်နေခဲ့သည်။

ဖုန်းကိုအင်တာနက်ဖွင့်၍ လမင်း account လေးအားဝင်ကြည့်မိတော့ 9 hours ago နှင့် လိုင်းမတက်ကြောင်းကိုညွှန်ပြနေ၏။ခွန်းအရဲစွန့်ကာ သူ့ဖုန်းနံပါတ်ကိုခေါ်လိုက်မိသည်။သို့သော်လည်း ဆက်သွယ်၍မရကြောင်းသာ အဖြေပြန်ပေး၏။

"ဘယ်သူ့ဆီဖုန်းဆက်နေတာလဲ...."

"လင်းဆီကိုပါ အရေးမကြီးပါဘူး...နွေလပြည့်ကရော..."

ကားထဲဝင်လာပြီး ခပ်ပြတ်ပြတ်မေးခွန်းထုတ်သည့်ကိုကို့စကားကို သူမ မုသာဝါဒကံကိုကျူးလွန်၍ရှောင်လွှဲမိသည်။

"သူ့ကားနဲ့သူပြန်မှာလေ....မနက်ဖြန်ဖိတ်စာတွေရရင် ကိုကိုဖုန်းဆက်လိုက်မယ်...အတူသွားယူမယ်နော် "

ကိုယ်ရွေးချယ်သည့် ကံ Donde viven las historias. Descúbrelo ahora