အပိုင်း --- ၇

7.4K 647 31
                                    

Unicode 🌹🍀

"သမီးမေမေကပြောတယ် UK ကစာပို့လိုက်ပြီဆို "

ဧည့်ခန်းထဲတွင် ဆိုင်အတွက်လိုအပ်သည်များဝယ်ရန် စာရင်းစစ်နေသောသူမကို ယခုမှ အပြင်ကပြန်ရောက်လာသောဖေဖေက မေးခွန်းထုတ်လာ၏။
ခွန်း လုပ်လက်စအလုပ်များအား ခဏရပ်ကာ ဖေဖေ့ကိုခေါင်းညိတ်ပြလိုက်မိ၏။

"ဟုတ်တယ်ဖေဖေ မနေ့ကမှရောက်တာ။နောက်တစ်ပတ်ထဲလောက် အဆင်သင့်ပြင်ပြီးရင်သွားလို့ရပြီ "

သမီးဖြစ်သူ၏စကားအဆုံးတွင် ဦးဘုန်းထက်သာ သက်ပြင်းဖွဖွချမိသည်။

ရေမြေခြားကို တစ်ယောက်တည်းမလွှတ်ချင်ဘူးဆိုတာ အစကတည်းက သမီးကိုသူပွင့်ပွင့်လင်းလင်းပြောထားပြီးသားပင်။သို့ပေမယ့် ခွန်းကမည်သူမှတားမရဘူးဆိုတာ သူကောင်းကောင်းသိသည်။
လုပ်ချင်သည့်အလုပ်ကိုစိတ်တိုင်းကျတဲ့အထိပြီးဆုံးအောင်လုပ်ရမှကျေနပ်သည့်လူစားမျိုး။သူတား၍လည်းမရတော့။သို့ပေမယ့် နောက်သုံးပတ်လောက်နေမှဖွင့်မည့်ကျောင်းကို နှစ်ပတ်လောက်ခန့်စောပြီးသွားမှာတော့ သူသိပ်ဘဝင်မကျပါ။

"ကျောင်းဖွင့်ဖို့က လိုသေးတယ်မလားသမီးရဲ့ ဘာလို့အဲ့လောက်အစောကြီးသွားမှာလဲ......နှစ်ပတ်အလိုမှသွားလည်း အဆင်ပြေတာကို "

"ကိုစစ်ကအဲ့ဒီမှာနေဖူးတဲ့လူဆိုတော့အတွေ့အကြုံရှိပြီးသားလေ သူသွားတုန်းတစ်ခါတည်းလိုက်ခဲ့ဖို့ခေါ်လို့ နေဖို့ရာအတွက်ကလည်း ကျောင်းနဲ့နီးတဲ့နေရာ သူအကုန်စီစဥ်ပေးမယ်ဆိုလို့ပါ "

ပါဝင်လာသောအမည်နာမတစ်ခုကြောင့် ဦးဘုန်းထက်သာမတားဆီးချင်တော့။

"သားစစ်ကအလုပ်ရှိလို့လား "

"အဲ့ဒီမှာ ဆေးဘက်ဆိုင်ရာဆွေးနွေးပွဲတက်စရာရှိလို့တဲ့ဖေဖေ.....လေးငါးရက်လောက်ကြာမယ်လို့တော့ပြောတာပဲ "

"အဲ့ဒါဆိုရင်လည်းသဘောပါပဲ သမီးမေမေကိုရောပြောပြီးပြီလား "

သူ့စကားအား သမီးကနှုတ်ခမ်းလေးစူ၍ ခေါင်းရမ်းကာပြ၏။

တစ်ဦးတည်းသောသမီးလေးကို အရမ်းနှမြောသောအမေဖြစ်သူက ယောက်ျားလေးတစ်ယောက်နှင့် အတူသွားမည့်ခရီးကို ကြည်ကြည်သာသာတော့ခွင့်ပြုမည်မထင်။ ထို့ကြောင့် သမီးကိုသူအတင်းအကြပ်မတားဆီးတော့။နန်းကပဲတားဆီးမည်ဖြစ်သောကြောင့် သူ​မေးခွန်းထပ်မထုတ်တော့ပေ။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now