အပိုင်း -- ၁၄

7.2K 634 16
                                    

Unicode

🍀🌹

ခေတ်သွေးမာန်ကိုရွေးလိုက်သည်အထင်နှင့် ပူလောင်သွားသည့်ခံစားချက်တွေဟာ ထိုကလေးပြောလိုက်သည့်စကားနှစ်ခွန်းကြောင့် ဘာမျှပင်ပြန်မပြောနိုင်ဘဲဆွံ့အနေမိသည်။

သူပြောသည့်ချစ်တယ်ဆိုသောစကားမှာ ဘယ်လိုအခြင်းအရာတွေပါနေသလဲ။သူမသေချာမတွေးတတ်။သာမန်မျှသာတွေးချင်ပေမယ့် ခွန်းအသိစိတ်တို့က ထိုသို့မဟုတ်တာကိုခံစားမိနေသည်။
ဖုန်းထဲကကောင်မလေးကို ကြည့်လိုက်မိပြန်တော့ သူမကိုသာအကြည့်မလွဲ စူးစိုက်စွာကြည့်၍ တစ်ခုခုကိုဆက်ပြောချင်နေပုံ။

"ကိုယ့်ကိုချစ်တယ်လို့ပြောလိုက်တာလား "

သူ့မျက်လုံးတို့ဆီတည့်တည့်ကြည့်ကာမေးခွန်းထုတ်တော့ သူကခေါင်းညိတ်ပြသည်။
ဘယ်လိုချစ်ခြင်းမျိုးလဲဆိုတာ သူမမေးချင်ပေမယ့် အလိုမကျစရာအဖြေထွက်လာမည်ကိုစိုးရွံ့နေမိသည်။

"ကိုယ်လည်းမင်းကိုချစ်ပါတယ်လမင်းရဲ့ ကိုယ့်မှာရင်ဖွင့်စရာညီမလေးဆိုလို့ မင်းပဲရှိတာလေ "

"ကျွန်မကရင်ဖွင့်လို့ကောင်းတယ်ပေါ့ "

မဲ့ပြုံးတစ်ခုနှင့်ပြောလာသည့် သူ့စကားရဲ့အဓိပ္ပါယ်ဟာ သူမဖြေလိုက်သည့်အဖြေကသူလိုချင်သည့်အဖြေမဟုတ်ဘူးဆိုတာကိုခွန်းရိပ်မိလိုက်သည်။ထို့ကြောင့် သက်ပြင်းဖွဖွချလိုက်ကာ

"အင်းပေါ့ ကိုယ့်အကြောင်းတော်တော်များများ မင်းကိုပဲရင်ဖွင့်မိတာလေ..... "

"ထားပါတော့လေ.....စာကြည့်ရဦးမှာဆို ဆက်မနှောက်ယှက်တော့ဘူးနော်အစ်မ နောက်မှတွေ့တာပေါ့....."

သူ့ဘက်က စကားဆက်မပြောချင်တော့ပေမယ့် ခွန်းမှာပြောစရာတွေရှိနေသေးသည်။

"နေဦး.....ကိုယ်ပြောစရာရှိသေးတယ် "

စကားအစပျိုးကာ သူ့ကိုကြည့်မိတော့ သူမကိုစိုက်ကြည့်မြဲသာကြည့်နေသည်။ထို့ကြောင့် ခွန်း လည်ချောင်းတစ်ချက်ရှင်းကာ

"အဟမ်း......ကိုယ့်ကိုချစ်တယ်ဆိုရင်ရည်းစားမထားနဲ့ "

"ဘာပြောလိုက်တယ်အစ်မ....."

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now