အပိုင်း -- ၂

10K 716 13
                                    


လမ်းဘေးတစ်ဘက်တစ်ချက်တွင်ရှိသော အညာဒေသပြယုဂ်ဖြစ်သည့် တမာပင်တန်း၊ထနောင်းပင်တန်းများကိုငေးရင်း ခွန်း ကားကိုဖြည်းဖြည်းသာမောင်းလာခဲ့လိုက်သည်။

ရုတ်တရက်ထွက်ပေါ်လာသော ဖုန်းသံကြောင့် သူမ ကားကိုလမ်းဘေးချရပ်ကာ ဖုန်းကိုင်လိုက်ရ၏။

"ဟယ်လို......."

"......................"

"လာနေပြီ.....ရောက်တော့မယ်.....မြို့အဝင်ထနောင်းတန်းတောင်ကျော်လာပြီ "

".........................."

"ငါသိပါတယ်လင်းရယ်။နောက်မကျစေရဘူး စိတ်မပူနဲ့ "

ဆူဆူအောင့်အောင့်ဖြင့် ဖုန်းချသွားသောလင်းမြတ်သူကြောင့် ခွန်းပြုံးလိုက်မိပြန်သည်။
သူမသူငယ်ချင်းက စိတ်မြန်လက်မြန်ဖြစ်သောကြောင့် ဒီထက်ပိုနောက်ကျ၍မဖြစ်တော့။ထို့ကြောင့် ကားကိုအရှိန်မြှင့်ကာ မြို့ထဲဝင်လာခဲ့လိုက်သည်။

" CHOIX "

ဟုဆိုင်းဘုတ်ချိတ်ထားသည့် အဆောက်အဦးလေးတစ်ခုထဲသို့ ခွန်း ကားကိုမောင်းဝင်လိုက်၏။
ကားပေါ်မှဆင်းလိုက်သည်နှင့် ဘေးနားလေးကို လေအလျဥ်ကဲ့သို့ရောက်ရှိလာသူကတော့ လင်းမြတ်သူပင်။

"နာရီလေးဘာလေးလည်းကြည့်ဦး ဒေါ်ခွန်းရဂုံနွယ်။ဖွင့်ပွဲချိန်တောင်နီးနေပြီ။ရှင်ကဘာမှလည်းပြင်ဆင်မလာဘူး...."

သူ့စကားအားအရေးမစိုက်ဘဲ ခွန်း ကားထဲမှ Laggage အားထုတ်ယူလိုက်၏ ။

"နင်ရစ်နေတာမှအချိန်ကြာတာ။ငါအဝတ်အစားသွားလဲလိုက်ဦးမယ်။နင်သာ ဧည့်သည်တွေကိုသေချာဧည့်ခံထားလိုက် "

"ကြာမနေနဲ့နော်......"

"ဆယ့်ငါးမိနစ်ထက်ပိုမကြာဘူး....."

ထိုမျှသာပြောပြီး ဘေးလှေကားမှတဆင့် သူမအခန်းရှိရာ အပေါ်ဆုံးထပ်သို့တက်လာခဲ့လိုက်သည်။
အခန်းထဲရောက်သည်နှင့် Laggage အားဖွင့်လိုက်တော့ တွေ့လိုက်ရပါပြီ မေမေ့၏စနက်တံ။

"ဟာကွာ မေမေတို့ကတော့လုပ်ချလိုက်ပြန်ပြီ....."

မြန်မာဝတ်စုံမဝတ်ချင်သော ခွန်းအကြောင်းကိုသိသည့်မေမေက Laggage ထဲထည့်ပေးလိုက်သမျှသည် မြန်မာဝတ်စုံတွေချည်းသာ။သို့ပေမယ့်လည်း မတတ်နိုင်တော့။
လင်းအား ဆယ့်ငါးမိနစ်ဟုပြောမိခဲ့သောကြောင့် အပေါ်ဆုံးတွင်ရှိနေသော ဝတ်စုံတစ်စုံကိုယူကာဝတ်လိုက်ပြီး ကျောလယ်ထိရှိသောဆံနွယ်များအား ဖြန့်ကာချလိုက်သည်။ ကျန်တာတော့ သူမ ဘာမှထပ်မံပြင်ဆင်မနေတော့ဘဲ အောက်ထပ်သို့ပြန်ဆင်းလာခဲ့လိုက်၏။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now