အပိုင်း -- ၄၀

8.4K 637 27
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

လမင်း အခန်းထဲရှိဆိုဖာမှာထိုင်၍ အလုပ်လုပ်နေရာမှ laptop ကိုပိတ်ကာစားပွဲပေါ်တင်လိုက်ပြီး ကုတင်ပေါ်မှာမှီလှဲ၍ ဖုန်းသုံးနေသောအစ်မဆီသို့ လျှောက်လာခဲ့သည်။

"စေ့စပ်ပွဲကို ဘာလက်ဆောင်ပေးရင်ကောင်းမလဲအစ်မ..."

လမင်းပြောပြီးသည်နှင့် ကုတင်ပေါ်ကန့်လန့်ဖြတ်၍လှဲလိုက်ကာ အစ်မဗိုက်ကလေးပေါ် ခေါင်းတင်အိပ်လိုက်သည်။ထိုအခါ အစ်မကကြည့်နေသည့်ဖုန်းကိုပိတ်၍ ဘေး၌ချထားလိုက်ပြီး လမင်းကိုကြည့်လာသည်။တစ်ဆက်တည်းမှာပင် အစ်မလက်ချောင်းတို့က လမင်းဆံပင်တို့ကိုထိုးဖွလာ၏။

"မေသွန်းကဘာလိုချင်တယ်ဆိုတာ မပြောဖူးဘူးလား "

လမင်းပက်လက်လှန်ထားရာမှ အစ်မမျက်နှာဘက်ကိုခေါင်းစောင်းလိုက်ပြီး

"ပြောဖူးပါတယ် ဘာလိုချင်တယ်ဆိုတာ တွေ့တိုင်းသူခဏခဏပြောတယ် "

"ဘာလိုချင်တာတဲ့လဲ...အဲ့ဒါလေးတွေဝယ်ပေးလိုက်လေ "

"မသိပါဘူး....အစ်မပြောတာမှမဟုတ်တာ လမင်းကဘာလို့မှတ်ထားရမှာလဲ....အစ်မကလွဲပြီး တစ်ခြားသူတွေပြောတဲ့စကားက ဒီဘက်နားကဝင်၊ဟိုဘက်နားကထွက်တာ "

လမင်းထိုသို့ပြောမိတော့ အစ်မကသဘောတကျရယ်သည်။

ထိုအရာကလည်းအမှန်တရားပင် အစ်မနှုတ်ဖျားက လိုချင်တာတစ်ခုခုကိုပြောထွက်လာလျင် စက္ကန့်ပိုင်းမျှပင်မမေ့ရပါဘဲ ရတဲ့နည်းနှင့်ဖြည့်ဆည်းပေးချင်သည်။

မေသွန်းနှင့်တွေ့တိုင်း မေသွန်းကသဘောကျသည့်၊လိုချင်သည့်အရာများကို အမြဲပြောပြပေမယ့် လမင်းတစ်ခုမှမမှတ်မိ။ထိုအမှန်တရားကို မေသွန်းသစ္စာသိလျင်တော့ စိတ်မကောင်းဖြစ်သွားမည်ထင်သည်။

"မေသွန်းလေးတော့ စိတ်မကောင်းဖြစ်နေတော့မှာပဲ။တစ်ဦးတည်းသောသူငယ်ချင်းလေးက သူ့အကြိုက်တောင်မသိရကောင်းလားဆိုပြီး ရင်တွေနာနေတော့မှာ"

"အဲ့လိုတော့ သွားမပြောနဲ့လေအစ်မရယ်။သူတကယ်စိတ်ဆိုးသွားလိမ့်မယ် "

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now