𝙐𝙣𝙞𝙘𝙤𝙙𝙚
"ဒေါက်....ဒေါက်...ဒေါက်...ဒေါက်...."
"ဟူး...."
စားပွဲခုံကို ခွန်းလက်ချောင်းတို့ဖြင့် ထိခေါက်နေရင်းမှပင် လင်းနှင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ သက်ပြင်းချလိုက်မိသည်။
"အသက်တစ်ရာမနေရ၊အမှုတစ်ရာပွေရတဲ့....ငါရှင်သန်လာတဲ့တလျှောက်လုံး ခွန်းရဂုံနွယ်ရဲ့အမှုများစွာကို ကြုံဆုံခဲ့ရပြီးပြီထင်ပါရဲ့"
လင်းမြတ်သူ၏စကားကြောင့် သူမစိတ်ညစ်နေသည့်ကြားမှပင် ပြုံးလိုက်မိသွားသည်။အမှန်တကယ်လည်း သူမပြဿနာပေါင်းများစွာကိုသာ လင်းကကူညီဖြေရှင်းပေးခဲ့ဖူး၏။လင်း၏ဘဝလေးကတော့ ပုံမှန်အတိုင်းပင် ပြဿနာဆိုတာမရှိသလောက်ရှား၏။
ရှိလာခဲ့လျင်လည်း သူမကဲ့သို့ အရမ်းပူလောင်ရသည့်ကိစ္စရပ်များမဟုတ်။သူမမှာသာ တစ်ခုပြီးတစ်ခု ကြုံဆုံနေရတော့သည်။"ငါလည်းတကယ်မသိတော့ဘူးလင်းရယ်....ခံစားချက်တွေက အသိပေးနေသလိုလို...သူကပဲ ငါ့အပေါ်တကယ်ခံစားချက်မရှိတော့သလိုလိုနဲ့ ...တွေးရတာ အိပ်ပျက်ညတွေတောင်များပြီ...
ဒီကြားထဲ ဖေဖေနဲ့ကလည်းအရင်လိုအဆင်မပြေတော့ဘူး....မျက်နှာချင်းဆိုင်တွေ့ရင် ကိုကိုနဲ့ပတ်သက်တာပြောမှာစိုးလို့ ငါ့မှာထမင်းစားချိန်ကလွဲရင် ကျန်တဲ့အချိန်ဖေဖေ့အရိပ်တောင်မကြည့်ရဲဘူး...."စားပွဲပေါ်မေးထောက်၍ သက်ပြင်းတို့ချမိပြန်ပါသည်။တစ်ခါမှမတွေးဖူးသော အိမ်ခွဲနေဖို့ရန်အတွေးများက ဒီရက်ပိုင်းမှာဆက်တိုက်ဝင်လာနေ၏။
"အိမ်ကိစ္စကထားပါဦး...လမင်းနဲ့ကဘာဖြစ်လို့လဲ "
သူမ လင်းမျက်နှာကိုတစ်ချက်ကြည့်ပြီး မျက်လွှာပြန်ချလိုက်မိသည်။
"ပျက်သွားတဲ့လက်ထပ်ပွဲကိစ္စကို သူသိနေသလား၊မသိဘူးလားဆိုတာ....ငါအရမ်းသိချင်တာပဲ....သုံးလပြည့်ပြီးတဲ့အချိန်ကစပြီး သူကငါ့ကို ချစ်တယ်လို့လည်းမပြောတော့ဘူး....
နေ့တိုင်းဂရုစိုက်ဖို့ရာ၊ဘာလုပ်တယ်ဘာညာ ပုံမှန်အတိုင်းပြောနေပေမယ့် သူ့ဘက်က တာဝန်အရပြောသလိုကြီး ခံစားနေရတယ်....ငါ့ကို တစ်ခုခုကြောင့်စိတ်ဆိုးနေသလား....ဒါမှမဟုတ်....အနေဝေးလို့ သွေးအေးသွားသလားဆိုတာတော့ ငါလည်းမသိတော့ဘူး "
YOU ARE READING
ကိုယ်ရွေးချယ်သည့် ကံ
Romanceနေရာမှားလာတာမကောင်းဘူး...... ဒါပေမယ့် ကံတရားမှားလာခဲ့ရင်ရော #Oo ____________________________ နေရာမှားလာတာမကောင်းဘူး...... ဒါပေမယ့် ကံတရားမှားလာခဲ့ရင်ရော #Oo