Description

12.4K 652 9
                                    

[Unicode]

သူက "ကမ္ဘာကြီးကို စောစီးစွာ ဒုက္ခပေး အဆုံးသတ်မည့် ဗီလိန်အား တားဆီးရန်" ဆိုသော တာဝန်နှင့်အတူ ဒီစာအုပ်ထဲကို ဝိညာဥ်ကူးပြောင်းလာခဲ့သည်။

ထို့နောက် ဗီလိန်ကိုစွန့်ပစ်ပြီး ဇာတ်လိုက်Shouရဲ့ ခြေထောက်အောက်မှာ သူ့ကိုယ်သူဝပ်တွားခယနေသော အမြှောက်စာဇာတ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာခဲ့သည်။

ဒါနဲ့ပတ်သက်ပြီး လျှိုယွီအန်း ပြောချင်တာကတော့ - ‌ခန့်ညားချောမောသည့်အပြင် သူ့ကိုလည်းသဘောကျနေပြီး ကမ္ဘာ့စီးပွားရေးကိုတောင် သူ့စကားတစ်ခွန်းနဲ့ ပိတ်ပစ်လိုက်နိုင်တဲ့ သြဇာကြီးမားတဲ့ CEOဗီလိန်ကို စွန့်ပစ်ပြီး သူ့ကို သဘောမကျတဲ့ Idolလေးတစ်ယောက်သာဖြစ်တဲ့ ဇာတ်လိုက်ရဲ့ ခြေထောက်အောက်မှာ ခယပေးရမယ်?

မူလခန္ဓာကိုယ်ပိုင်ရှင်ကတော့ ဦးနှောက်ပျက်သွားပြီထင်တယ်။

တော်သေးလို့ သူဝိညာဥ်ကူးပြောင်းလာလို့ပေါ့။

နောက်ပိုင်း လျှိုယွီအန်း သိလာရတာက - ထိုခန့်ညားပြီး ခပ်တန်းတန်းနေတတ်တဲ့အပြုအမူတွေက ဗိုလ်ကျတတ်တဲ့ CEOရဲ့ သူ့ကိုယ်သူ ဖုံးအုပ်ထားတဲ့ အပေါ်ယံအခွံမျှသာဖြစ်ပြီး ထိုအခွံတွေမရှိတဲ့ CEOက စိတ်ထိခိုက်လွယ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်ချက်မရှိဘဲ အထူးသဖြင့် စိတ်လုံခြုံမှုမရှိဖြစ်နေသောသူ ဖြစ်သည်။ ပြီးတော့ သူက....အငိုသန်တဲ့ကလေးတစ်ယောက်ပဲ။

-

ပုံရိပ်ယောင်ကမ္ဘာစီမံခန့်ခွဲ‌ရေးစင်တာရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ လျှိုယွီအန်းက မတူညီတဲ့ကမ္ဘာပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရဖူးသည်။ သူက ဧကရာဇ်၊ ယုတ်မာသောတရားသူကြီး၊ မကောင်းဆိုးဝါးအားလုံးရဲ့ အရှင်သခင်၊ မိစ္ဆာလမ်းစဥ် ကျင့်ကြံသူ၊ အထက်ပိုင်းလောကရဲ့ အုပ်ချုပ်သူ၊ ဆရာ၊ ကျောင်းသား၊ ဆရာဝန်၊ CEO၊ အရာရှိ အစရှိသဖြင့် ဖြစ်ခဲ့ဖူး‌လေသည်။

ဒါ​ပေမယ့် သူ တစ်နေ့နေ့မှာ အဲ့ဒီဇာတ်ကောင်တွေကို နောက်ကမ္ဘာတစ်ခုမှာ မင်းသားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ပြရလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။

ဝိညာဥ်ကူး​ပြောင်းလာပြီး​နောက် ဗီလိန်ကိုငို​အောင်လုပ်ခဲ့တယ် (မြန်မာဘာသာပြန်)Where stories live. Discover now