[Unicode]
"သခင်လေးအန်း အဆင်ပြေရဲ့လား"
"ဘုရားရေ, အန်း-ကော အဆင်ပြေရဲ့လား။ အရမ်းတွေ စိတ်လှုပ်ရှားပြီး မေ့လဲသွားတာတော့ မဟုတ်ဘူးမလား? ဟားဟားဟား ဒါပေမယ့် ကျွန်တော့်အထင် အချမ်းသာဆုံးလူနဲ့ လက်ထပ်ရတာက...."
"ကျွမ်းဖေးယွီ မင်းပါးစပ်ပိတ်ထား၊ အန်း-ကော အဆင်ပြေရဲ့လား။ ကျွန်တော် ဆရာဝန်ခေါ်ပေးဖို့လိုလား။"
လျှိုယွီအန်း နားထင်ကို ဖိနှိပ်လိုက်ပြီး ခေါင်းထဲကနာကျင်မှု သက်သာသွားတော့မှ ပြန်ပြောလိုက်သည်။ "မလိုဘူး"
ကမ္ဘာတစ်ခုကို ကူးပြောင်းလာတိုင်း အခုလို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ရမှုက ပုံမှန်ပင်ဖြစ်သည်။ ဆရာဝန်ကူညီနိုင်လိမ့်မည်မဟုတ်။
ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် 'အဓိကကမ္ဘာ' နှင့် 'ပုံရိပ်ယောင်ကမ္ဘာ' ဟူ၍ မတူညီတဲ့လောကများ တည်ရှိကြသည်။
အဓိကကမ္ဘာတွေက သူတို့ကိုယ်ပိုင် ဖြစ်တည်နေကြခြင်းဖြစ်သည်။ သူတို့က တည်ငြိမ်ပြီး ထာဝရတည်မြဲသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဖြစ်တည်နေကြခြင်းဖြစ်သည်။
ပုံရိပ်ယောင်ကမ္ဘာတွေကတော့ ဝတ္ထုများ၊ ရုပ်ပြစာအုပ်များမှတစ်ဆင့် ဖြစ်ပေါ်လာကြသော သဘာဝမဟုတ်သည့် ဖြစ်တည်မှုများဖြစ်ကြသည်။ ၎င်းကမ္ဘာတွေက ဖန်တီးသူ၏ ကိုယ်ပိုင်အတွေ့အကြုံ၊ ဗဟုသုတ၊ လောကကြီးအပေါ် အမြင်၊ အရေးအသား အစရှိသည့်အချက်များ၏ ကန့်သတ်မှုတွေကြောင့် မတည်ငြိမ်ကြပေ။
တကယ်ကြီး၊ တကယ်ကို မတည်ငြိမ်ပေ။
ယိုယွင်းပျက်စီးပြီး ပျောက်ကွယ်သွားတာမျိုး ဖြစ်နိုင်သည်။
လျှိုယွီအန်းက အဓိကကမ္ဘာတွင် မွေးဖွားလာသူဖြစ်သည်။
သူ့ဝါသနာအရ ပုံရိပ်ယောင်ကမ္ဘာစီမံခန့်ခွဲရေးစင်တာတွင် အလုပ်လုပ်ဖြစ်ခဲ့သည်။ သူ့အလုပ်က ပုံရိပ်ယောင်ကမ္ဘာတစ်ခုခု ယိုယွင်းပျက်စီးမည့် အခြေအနေသို့ ယိမ်းယိုင်လာလျှင် ထိုကမ္ဘာသို့သွားကာ ပျက်စီးစေနိုင်သည့်အချက်များကို ပြုပြင်ဖြေရှင်းပြီး ပြန်တည်ငြိမ်သွားအောင် လုပ်ပေးရခြင်းဖြစ်သည်။
YOU ARE READING
ဝိညာဥ်ကူးပြောင်းလာပြီးနောက် ဗီလိန်ကိုငိုအောင်လုပ်ခဲ့တယ် (မြန်မာဘာသာပြန်)
Storie d'amoreI've got permission to translate from English Translator! You can read English version here: https://travistranslations.com/novel/20024/after-transmigrating-i-made-the-antagonist-cry/#toc Title: After Transmigrating I Made The Antagonist Cry English...