Chapter 18.1: မ​ကောင်းဆိုးဝါးဝတ်စုံ ဝတ်ထားစဥ် ​ရှောက်ယန်ရှီးနှင့်​တွေ့ခြင်း (1)

1.7K 314 15
                                    

[Unicode]

လျှိုယွီအန်းသည် ဤသို့သော ပုံရိပ်ယောင်လောကများတွင် အချိန်ယန္တရားမှာ မည်ကဲ့သို့ လည်ပတ်အလုပ်လုပ်နေသလဲဆိုတာကို တကယ်သိချင်မိသည်။ အဘယ်ကြောင့်ဆိုသော် အခုသူ့အတွက် ပြင်ဆင်ပေးထားသော အဝတ်အစားများမှာ သူ မကောင်းဆိုးဝါးဧကရာဇ် ဖြစ်ခဲ့စဥ်က မကြာခဏဝတ်လေ့ရှိသော အဝတ်အစားများအတိုင်း အတိအကျတူညီနေသောကြောင့်ပင်။ 

အင်္ကျီလက်ဝကျယ်ကျယ်၊ နောက်ကျောဘက်တွင် အမြီးကိုးချောင်းမြေခွေးပုံကို ထိုးထားသော အနီရောင်ဝတ်ရုံရှည်တစ်ခုဖြစ်သည်။ ပါဝင်ပစ္စည်းအရည်အသွေးများကတော့ သေချာပေါက်ကို တူညီလိမ့်မည်မဟုတ် - သူ၏မူလအဝတ်အစားများမှာ ရှေးခေတ်နတ်ဘုရားလက်နက်တစ်ခု ဖြစ်သောကြောင့်ပင်။

ဒါပေါ့၊ သရုပ်ဆောင်များအတွက် ပြင်ဆင်ပေးသည့် အဝတ်အစားကတော့ ပုံမှန်ပါဝင်ပစ္စည်းတွေနဲ့ ချုပ်လုပ်ထားတာပဲ ဖြစ်မှာပဲလေ။ အရည်အသွေးက မဆိုးသော်ငြားလည်း ကောင်းကောင်းမွန်မွန် တိတိကျကျပြုလုပ်ထားခြင်းတော့ မဟုတ်။ သို့သော် ဒီဇိုင်း‌အနေအထားနှင့် နောက်ကျောရှိ အမြီးကိုးချောင်းမြေခွေးပုံကတော့ သူမှတ်မိသလောက် အတိအကျတူညီနေလေ၏။

လျှိုယွီအန်းသည် ဒီအဝတ်အစားကို ဒုတိယအကြိမ်မြောက် မြင်ဖူးခြင်းဖြစ်ပြီး ပထမတစ်ကြိမ်မှာ စတိုင်ဓာတ်ပုံရိုက်ကူးရေး ပြုလုပ်စဥ်က ဖြစ်သည်။ သို့သော်လည်း သူ အခုချိန်ထိ နည်းနည်းလေး မယုံကြည်နိုင်သေးသလို ခံစားနေရဆဲဖြစ်သည်။ ထိုကမ္ဘာမှ ထွက်လာပြီးနောက်ပိုင်း ဒီလိုအဝတ်အစားမျိုးကို နောက်တစ်ခေါက် ထပ်ဝတ်ရလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးပေ။

အဝတ်လဲခန်းထဲတွင် စတိုင်လစ်က သူ့ကို အဝတ်အစားကူလဲပေးရန် ပြင်နေသည်ကို တွေ့လိုက်ရသဖြင့် သူ တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။ "ကျွန်တော် ကိုယ့်ဘာသာကိုယ် လုပ်နိုင်ပါတယ်" လျှိုယွီအန်းသည် စတိုင်လစ်အား ဆက်ပြောလိုက်သည်။ "မင်း အပြင်ထွက်ပြီး ခဏလောက်စောင့်နေပေးပါလား"

သူ အဝတ်လဲနေတာကို တစ်ယောက်ယောက်က ကြည့်နေတာမျိုး သူမကြိုက်ပေ။

ဝိညာဥ်ကူး​ပြောင်းလာပြီး​နောက် ဗီလိန်ကိုငို​အောင်လုပ်ခဲ့တယ် (မြန်မာဘာသာပြန်)Where stories live. Discover now