Chapter 17: မ​ကောင်းဆိုးဝါးဧကရာဇ်

2K 381 27
                                    

[Unicode]

ဖွင့်ပွဲအခမ်းအနားပြီးဆုံးပြီးနောက် အစီအစဥ်အရ အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်တို့သည် ပထမဆုံးဇာတ်ဝင်ခန်းကို စတင်၍ရိုက်ကူးရမည်ဖြစ်သည်။

သို့သော် ရိုက်ကူးနေစဥ်တွင် အမျိုးသမီးဇာတ်ဆောင်သည် ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ဝမ်းဗိုက်ကို တင်းတင်းကျပ်ကျပ် ဖိကိုင်ထားသည်။ သူမ​၏ အသားအရေမှာ ဖြူဖျော့နေလျက် ချွေးစေးများလည်း ထွက်နေသည်။ လူတိုင်း အထိတ်တလန့်ဖြစ်သွားကြပြီး ရိုက်ကွင်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွား​၏။

ဒါရိုက်တာလည်း လန့်ဖြန့်သွားရပြီး ဤကိစ္စမှာ ရိုက်ကွင်း​၏ကံကြမ္မာကို ထိခိုက်မှုရှိစေမည်လား ဟူ၍ စဥ်းစားနေရန်ပင် အချိန်မရှိတော့ပေ။ သူ့​လက်ထောက်ကို အော်ခေါ် ပြီး ပြောလိုက်သည်။ "ဒေါက်တာကျိုးကိုခေါ်လိုက်"

ဤရုပ်ရှင်သည် သိုင်းလောက ဇာတ်လမ်းအမျိုးအစားဖြစ်သောကြောင့် ဒဏ်ရာအနာတရ​ ရနိုင်ခြေ အမြဲရှိသဖြင့် ငွေအလုံအလောက်သုံးကာ ရိုက်ကွင်းတွင် ဆရာဝန်တစ်ယောက် အချိန်ပြည့်ငှားထားရလေ၏။

ပထမဆုံးရက်မှာတင် ဆရာဝန်ကို ခေါ်ရလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?

ထို့နောက် ဒါရိုက်တာသည် ဟို့ယွဲ့ထင်ဆီ အလျင်အမြန်သွားလိုက်ပြီး သူမအတွက် နေရာတစ်ခုပေးရန် ညွှန်ကြားပေးပြီးနောက် မေးလိုက်​၏။ "ဘယ်လိုနေသေးလဲ" အခုနလေးတင် အကောင်းကြီးရှိနေသေးတာ မဟုတ်ဘူးလား?

"ကျေးဇူးတင်ပါတယ် ဒါရိုက်တာဟယ်၊ ကျွန်မအဆင်ပြေပါတယ်" သို့သော်လည်း ဟို့ယွဲ့ထင်​၏မျက်နှာသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး နဖူးတွင် ချွေးများစိုရွှဲလို့နေ၏။

ဒုတိယဇာတ်လိုက်မင်းသမီးက အမြန် အော်ပြောလိုက်သည်။ "တကယ်ကြီးလား? မျက်စိမကန်းတဲ့ လူတိုင်း နင်အဆင်ပြေမနေဘူးဆိုတာ မြင်နေရတာပဲကို။ နင် ‌နေမကောင်းဘူးဆိုလည်း ဒါရိုက်တာကိုပြောလိုက်ရုံပဲလေ။ လိုအပ်ရင် ငါတို့ နင့်ကို ဆေးရုံပို့ပေးလို့ရတာပေါ့။ နင်က အဆင်ပြေတယ်ပဲ ပြောနေမယ်ဆိုရင် တကယ်လို့...နင်အချိန်ဆွဲနေတာကြောင့် အခြေအနေပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူက တာဝန်ယူမှာလဲ"

ဝိညာဥ်ကူး​ပြောင်းလာပြီး​နောက် ဗီလိန်ကိုငို​အောင်လုပ်ခဲ့တယ် (မြန်မာဘာသာပြန်)Where stories live. Discover now