[Unicode]
ရှောက်ယန်ရှီးက စပ်တဲ့အစားအသောက်တွေကို ကြိုက်တာကြောင့် အစပ်အရသာကို အဓိကချက်ပြုတ်သော စီချွမ်စားသောက်ဆိုင်တစ်ခုသို့ ခေါ်သွားလိုက်သည်။ သူတို့ရဲ့ အရိုးမပါတဲ့ငါးဟင်းအစပ်နှင့် ဖူချီဖေ့ထျန့် ဆိုတဲ့ဟင်းက အရမ်းနာမည်ကြီးသည်။
ထိုအချက်ကို စာအုပ်ထဲတွင် အကြိမ်ပေါင်းများစွာ ဖော်ပြထားသည့်အပြင် လျှိုယွီအန်းကလည်း မှတ်ဥာဏ်ကောင်းသောကြောင့် မှတ်မိနေသည်။
စီချွမ်ငါးဟင်း
ဖူချီဖေ့ထျန့်
သူက ရှောက်ယန်ရှီးကို အလေးထားသည့်အနေနဲ့ သူ့အတွက်ဆုံးဖြတ်ပေးရမည့်အစား မီနူးကိုကမ်းပေးလိုက်ရင်း ပြောလိုက်သည်။ "မင်းအကြိုက်ရှိရဲ့လား ကြည့်ကြည့်ပါဦး။"
မျှော်လင့်ထားသလိုပင် ရှောက်ယန်ရှီးက စီချွမ်ငါးဟင်း နှင့် နောက်ထပ်ဟင်းပွဲ၂မျိုးကို မှာလိုက်သည်။ သို့သော် ဖူချီဖေ့ထျန့် ဟင်းပွဲကိုတော့ မမှာခဲ့ပေ။
လျှိုယွီအန်းက သူ့အတွက် မုန်လာဥချဥ်နှင့်ဘဲသားစတူးဟင်းပွဲကိုပါ ထပ်မှာပေးလိုက်သည်။ အဆီဟင်းတွေများနေသောကြောင့် လိုရမယ်ရပေါ့။
YOU ARE READING
ဝိညာဥ်ကူးပြောင်းလာပြီးနောက် ဗီလိန်ကိုငိုအောင်လုပ်ခဲ့တယ် (မြန်မာဘာသာပြန်)
RomanceI've got permission to translate from English Translator! You can read English version here: https://travistranslations.com/novel/20024/after-transmigrating-i-made-the-antagonist-cry/#toc Title: After Transmigrating I Made The Antagonist Cry English...