Chapter 16.1: မင်းစားချင်တာမှန်သမျှ ငါမင်းကို​ပေးမယ် (1)

1.7K 390 15
                                    

[Unicode]

"ငါ့ရဲ့သရုပ်ဆောင်အရည်အချင်းက မဆိုးပါဘူးနော်။ ကျေးဇူးအများကြီးတင်တယ်" လျှိုယွီအန်းသည် အနည်းငယ် ခါးသက်စွာဖြင့် ပြောလိုက်သည်။

"အရင်က မင်းရဲ့တီဗွီဇာတ်လမ်းတွဲတွေကို ငါကြည့်ဖူးပါတယ်" ရှောက်ယန်ရှီးက မုန့်ကို မျိုချလိုက်ပြီးနောက် 'ဘာမှရှက်စရာမလိုပါဘူး' ဟူသောအကြည့်မျိုးဖြင့် လျှိုယွီအန်းအား ကြည့်လာ​၏။ ထို့နောက် ဆက်ပြောလိုက်သည်က "အစပိုင်းမှာ လိုအပ်ချက်​တွေရှိတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပဲ။ ဘယ်သူကမှ ​မွေးကတည်းက ​တော်မ​နေဘူး။ မင်းသာ အချိန်ပေးပြီး သေချာလေ့လာလိုက်မယ်ဆိုရင် သေချာပေါက် တဖြည်းဖြည်းချင်း နာမည်တစ်ခုရလာမှာပေါ့"

သူ ပြန်လည်မမွေးဖွားလာခင်အချိန်တုန်းက လျှိုယွီအန်း ပါဝင်သရုပ်ဆောင်ထားသော အရာအားလုံးကို ကြည့်ခဲ့ဖူးသည်။

ထိုအချိန်တုန်းက လျှိုယွီအန်း သရုပ်ဆောင်ဖူးခဲ့သည်မှာ ရုပ်သံဇာတ်လမ်းတွဲတစ်ခုသာ ရှိသည်။

စုစုပေါင်းမှ ၅ပိုင်းသာ ပါဝင်ခဲ့ရသော်လည်း ရိုက်ချက် တစ်ဒါဇ‌င်လောက်ကို ရိုက်ကူးခဲ့ရသည်။

ထိုရိုက်ချက်များကို ကြည့်ရုံနဲ့တင်...

သူ့လိုမျိုး အချစ်မျက်ကန်း ဖြစ်နေသူတောင်မှ လျှိုယွီအန်း၏ သရုပ်ဆောင်စွမ်းရည်ကို မချီးမွမ်းနိုင်ပါချေ။

တကယ်ကို ဆိုးရွားလွန်းလှပေသည်။ ထို့ကြောင့်လည်း ဤအချက်မှာ Anti-fansများက သူ့အား ရှုတ်ချကြသည့်အခါမျိုးတွင် အသုံးပြုလေ့ရှိကြသည့်အချက်များထဲမှ တစ်ချက်ဖြစ်နေခြင်းပင်။

ရှောက်ယန်ရှီး ‌တွေးနေသည့်အရာများကို လျှိုယွီအန်းကတော့ မသိပေ။ သူက ရှောက်ယန်ရှီးအား တိတ်တဆိတ်သာ ကြည့်နေပြီး တစိမ့်စိမ့် စဥ်းစားတွေးတောနေသည်။

-- ငါ သရုပ်ဆောင်ကောင်းတယ်ဆိုတာကို ဘယ်လိုမျိုး မင်းကိုရှင်းပြရပါ့မလဲ။

အရမ်းကောင်းတာ။

အရမ်းကောင်းလွန်းလို့ သူသာ မပြောပြသရွေ့ သူက မူလလျှိုယွီအန်းလား၊ အတုလားဆိုတာကို မည်သူမှခွဲခြားပြောနိုင်လိမ့်မည်မဟုတ်။

ဝိညာဥ်ကူး​ပြောင်းလာပြီး​နောက် ဗီလိန်ကိုငို​အောင်လုပ်ခဲ့တယ် (မြန်မာဘာသာပြန်)Where stories live. Discover now