Chapter 15 - သရုပ်​ဆောင်စွမ်းရည် ​ကောင်းတာလား။ ညံ့တာလား။

1.7K 391 8
                                    

[Unicode]

"မင်္ဂလာပါ လူငယ်လေး၊ အန်တီနာမည်က ကျန်းချွင်းလီပါ။ မင်းရဲ့သရုပ်ဆောင်အရည်အချင်းကို ဒီထက်ပိုပြီးတိုးတက်အောင်လုပ်ဖို့ စိတ်ဝင်စားလား" လျှိုယွီအန်း၏​ သရုပ်ဆောင်မှုပြီးသွားသည်နှင့် အမျိုးသမီးကြီးက အလောတကြီးပြောလာ​၏။

အစကတော့ သူမ​၏မြေးကြောင့်သာ ဒီနေရာသို့ လာခဲ့ရခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ သူမကိုယ်တိုင်က လျှိုယွီအန်းအား အမှန်တကယ်ကို အထင်ကြီးလေးစားသွားပြီး တပည့်အဖြစ်လက်ခံရန် သေချာပေါက် စိတ်ဝင်စားသွားခဲ့သည်။

ဤသို့ အလားအလာကောင်းသော ပျိုးပင်လေးကို သူမသာ အရင်ဦးအောင် မြန်မြန်ခေါ် မထားနိုင်ခဲ့ပါက အနုပညာ​လောကမှ တခြားလူအိုကြီးတွေသာ သူ့ကိုရှာတွေ့သွားခဲ့လျှင် သူမအဖို့ အရမ်းနောက်ကျသွားပေမည်။

သူမပြောလိုက်သည့်စကားများကို ကြားလိုက်ရသောအခါ လျှိုယွီအန်းသည် တော်တော်လေး အံ့အားသင့်သွားရ၏။

ကျန်းချွင်းလီကို သူသိသည်။ ဤကမ္ဘာ၌ သူမသည် ပထမတန်းစား နိုင်ငံ​ကျော်မင်းသမီးတစ်လက် ဖြစ်၏။ ထို့အပြင် အရေးအကြီးဆုံးမှာ သူမသည် ယဉ်ကျေးမှုတော်လှန်ရေးခေတ်နောက်ပိုင်း၌ ကြီးကျယ်ခမ်းနားလှသော ရုပ်ရှင်ကားများစွာတွင် သရုပ်ဆောင်ခဲ့သော နာမည်ကြီးမင်းသမီးတစ်ဦး ဖြစ်လေသည်။ ယခုအချိန်ထိတောင်မှ သူမသည် အနုပညာလောကအပေါ် သိသိသာသာလွှမ်းမိုးမှုရှိနေဆဲဖြစ်သည်။

သူ အစမ်းသရုပ်ဆောင်ပြနေတဲ့အချိန်ကြီးမှာ သူမက ဘာလို့ ရုတ်တရက်ကြီး တပည့်အဖြစ် ခေါ်ချင်သွားရတာလဲ?

ထို့နောက် သူ ဤနေရာ၌ရှိနေသော ဒါရိုက်တာဟယ်အား ကြည့်လိုက်သည်....

လျှိုယွီအန်းသည် ဒီလူရွေးပွဲမှာ ဤအမျိုးသမီးကြီးအတွက် စီစဥ်ပေးထားခြင်းဖြစ်ကြောင်း အလျင်အမြန်ပင် သဘောပေါက်သွား​ခဲ့၏။

ဒါဆို အကြောင်းပြချက်ကရော? သူ ရှောက်ယန်ရှီးကို မေးခဲ့သေးတယ်လေ။ ဒါပေမယ့် သူက....

မဟုတ်ဘူး။ မဟုတ်သေးဘူး။ သူက လူရွေးပွဲအကြောင်းကိုပဲ မေးခဲ့တာ၊ တပည့်-ရှာတဲ့ကိစ္စကို မမေးခဲ့ဘူးလေ။

ဝိညာဥ်ကူး​ပြောင်းလာပြီး​နောက် ဗီလိန်ကိုငို​အောင်လုပ်ခဲ့တယ် (မြန်မာဘာသာပြန်)Where stories live. Discover now