[Unicode]
"မင်းစာချုပ်ကိုမဖျက်တော့ဘူးဆိုတော့ အလုပ်ဆက်လုပ်မှာလား" စီအီးအို-နင်က မေးလိုက်သည်။
ရန်ကျန့်ကျန်းသည်လည်း သူ့အဖြေကို အာရုံစိုက်နေသည်။ အရင်တုန်းက လျှိုယွီအန်းသည် အလုပ်ကိစ္စကို ဘယ်တုန်းကမှ စိတ်ထဲမရှိခဲ့ပေ။ သို့သော် အခုသူသိသွားပြီဆိုတော့ ဒါကပြောင်းလဲသွားလိမ့်မလား။
ရန်ကျန့်ကျန်းသည် သိချင်သော်လည်း အများကြီးတော့မျှော်လင့်မထားပေ။
သို့သော် ထိုနေရာမှာတင် သူ့မျက်နှာကို အရိုက်ခံလိုက်ရသလိုပင်။
"ဇာတ်ညွှန်းကောင်းတာတွေရှိလို့လား။""ရှိတာပေါ့" စီအီးအိုကဖြေသည်။ "အခုခေတ်ဇာတ်လမ်း၊ ရှေးခေတ်နန်းတွင်းဇာတ်လမ်း၊ ငါတို့ဆီမှာ ဆယ်ကျော်သက်အရွယ်ဇာတ်လမ်းတွေနဲ့ စုံထောက်သည်းထိတ်ရင်ဖိုတွေတောင်ရှိတယ်။... မင်းလိုချင်တာပြောကြည့်။" အခုချိန် သူတို့ဆီမှာမရှိလျှင်တောင် ချက်ချင်း တစ်ခုရအောင်လုပ်နိုင်သည်။
ဘာကြောင့်လဲဆိုတော့ သူတို့မှာအရင်းအနှီးရှိတယ်လေ။
"ကောင်းပြီ၊ ဇာတ်ညွှန်းတွေကိုပို့လိုက်..." လျှိုယွီအန်းသည် သူ့စကားကို ပြီးအောင်မပြောရသေးခင် သူ့အားရက်စက်စွာကြည့်နေသော ရန်ကျန့်ကျန်းဆီ အကြည့်ရောက်သွားကာ "ရန်-ကောဆီကို ပို့လိုက်ပါ၊ ရန်-ကော ကျွန်တော့်ကို ဇာတ်ညွှန်းတွေ ကူရွေးပေးပါဦး၊ ကျေးဇူးပြုပြီး"
ရန်ကျန့်ကျန်းသည် ထိပ်တန်းတစ်ဦးမဟုတ်သော်လည်း ဤနယ်ပယ်တွင် လုံလုံလောက်လောက်လုပ်နိုင်စွမ်းရှိသည့် ကိုယ်စားလှယ်တစ်ယောက်ဖြစ်သည်။ သူက မူလအမြှောက်စာဇာတ်ကောင်အပေါ် မကျေနပ်မှုများရှိသော်လည်း လူအများရှေ့၌ ဘယ်တော့မှ ထုတ်မပြပေ။ သူ့ကိုဒုက္ခမပေးခဲ့သလို အတင်းအကြပ်အလုပ်လုပ်ခိုင်းတာမျိုးလည်း မရှိပေ...သူ့စရိုက်က ယုံကြည်စရာကောင်းပုံရသည်။
အရေးကြီးဆုံးကတော့ လျှိုယွီအန်းကိုယ်တိုင်က မကောင်းတဲ့ဇာတ်လမ်းတွေမှာသာ အချိန်အကြာကြီးသရုပ်ဆောင်ခဲ့ရဖူးတာကြောင့် သူတကယ့်ကို အကဲဖြတ်မဆန်းစစ်နိုင်တော့ပေ။
YOU ARE READING
ဝိညာဥ်ကူးပြောင်းလာပြီးနောက် ဗီလိန်ကိုငိုအောင်လုပ်ခဲ့တယ် (မြန်မာဘာသာပြန်)
RomanceI've got permission to translate from English Translator! You can read English version here: https://travistranslations.com/novel/20024/after-transmigrating-i-made-the-antagonist-cry/#toc Title: After Transmigrating I Made The Antagonist Cry English...