Chapter 7: ငါမင်းကိုသ​ဘောကျတာ​ကြောင့် ကုမ္ပဏီကိုဝယ်ခဲ့တာ

2.1K 456 7
                                    

[Unicode]

ရှောက်ယန်ရှီး၏ တိုက်ခန်းသည် အထပ်ပေါင်းများစွာရှိသည်။

အဖြူနှင့်အမည်းရောင်စီမံချက်မှာ သေချာပေါက် ရှောက်ယန်ရှီး၏ ညွှန်ကြားမှုပင်ဖြစ်မည်။

ပထမထပ်တွင် ဧည့်ခန်းကြီးတစ်ခန်းရှိပြီး ညာဘက်ခြမ်းတွင် မီးဖိုချောင်တစ်ခုနှင့် မီးဖိုချောင်ဘေးတွင် တံခါးနှစ်ပေါက်ရှိသည်။ တံခါးများဘေးတွင် ဒုတိယထပ်သို့သွားသော လှေကားများရှိသည်။

ဒုတိယထပ်သည် အိပ်ခန်းနေရာဟု ယူဆရသည်။

သူတို့အိမ်ထဲရောက်သည်နှင့် ရှောက်ယန်ရှီးသည် ဒုတိယထပ်သို့ တန်းတက်သွားသဖြင့် လျှိုယွီအန်းလည်း နောက်မှလိုက်သွားခဲ့သည်။

ဒုတိယထပ်တွင် အခန်း၄ခန်းကို ချိတ်ဆက်ပေးထားသည့် သာမန်နေရာငယ်လေးတစ်ခုရှိသည်။

ရှောက်ယန်ရှီးသည် လှေကားနှင့် အနီးဆုံးတစ်ခန်းကို ညွှန်ပြကာ ပြောလိုက်သည်။ "ဒီအခန်းက မင်းအတွက်။ အခန်းကို ပုံမှန်သန့်ရှင်းရေးလုပ်နေကျမလို့ မင်းစိတ်ကြိုက် နည်းနည်းပိုပြီး ရှင်းလိုက်ဖို့ပဲလိုမယ်။ ​ရေချိုးခန်းတစ်ခန်းပါပြီးသား၊ ပြီးတော့ အထဲမှာ မသုံးရသေးတဲ့ ရေချိုးခန်းသုံးပစ္စည်းတွေရှိတယ်"

"ကောင်းပြီ"

ထို့နောက် လျှိုယွီအန်း အထဲကို၀င်သွားလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း အေးစက်စက်အရောင်ပင်။ "မင်းအခန်းက ဘယ်ဟာလဲ?" လျှိုယွီအန်း မေးလိုက်သည်။

ရှောက်ယန်ရှီးက ဘေးအခန်းကို ညွှန်ပြလိုက်သည်။

"ငါ့မှာအလုပ်တွေရှိသေးတယ်၊ ဒါကြောင့် ဒီမှာ မင်းဘာသာမင်း အဆင်ပြေသလိုသာနေ" ဟုပြောပြီး သူအခြားအခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

"မင်းအလုပ်မပြီးဘဲ ဘာလို့အလုပ်စောစောဆင်းလာတာလဲ..."

ထို့နောက် လျှိုယွီအန်းသည် အလျင်အမြန် ပါးစပ်ပိတ်လိုက်သည်။

သိသိသာသာကိုပဲ သူနှင့်အတူ သူ့မိဘများကိုသွားတွေ့ဖို့ အလုပ်စောစောဆင်းခဲ့တာပဲ။

ဝိညာဥ်ကူး​ပြောင်းလာပြီး​နောက် ဗီလိန်ကိုငို​အောင်လုပ်ခဲ့တယ် (မြန်မာဘာသာပြန်)Where stories live. Discover now