Chapter 1.2: မင်္ဂလာ​ဆောင်ပွဲသို့ ဝိညာဥ်ကူး​ပြောင်းလာခြင်း (2)

3K 576 22
                                    

[Unicode]

လျှိုယွီအန်းသည် 'အဓိကကမ္ဘာ' နှင့် 'ပုံရိပ်ယောင်ကမ္ဘာ' နှစ်ခုလုံးတွင် လက်ထပ်ထိမ်းမြားခြင်းကို မတွေ့ကြုံခဲ့ရဖူး​သေးပေ။ ဒါက သူ့ရဲ့ပထမဆုံးအကြိမ်ဖြစ်လေသည်။

ခန်းမအပြည့် ဧည့်သည်များနှင့် နှစ်လိုဖွယ်ရာပြုံးပြနေမှုများကို မျက်နှာချင်းဆိုင်နေရသည်က လျှိုယွီအန်းကို နည်းနည်းစိတ်လှုပ်ရှားစေသည်။

သို့သော် မကြာမီ သူသိလိုက်ရတာက ရှောက်ယန်ရှီးက သူ့ထက် ပို၍စိတ်လှုပ်ရှားနေသည်ကိုပင်။ အခုတောင် သူတို့လက်မောင်းတွေကို ချိတ်ထားသည် ဆိုတာထက် သူ့လက်ကိုအတင်းဆွဲခေါ်သွားနေသည့်ပုံပေါက်နေလေသည်‌။

သူ့လက်မောင်းအဆစ်လွဲသွားတဲ့အထိ ဆွဲမခေါ်သွား၍သာ တော်သေးသည်။

ရှောက်ယန်ရှီး အရမ်းစိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသောကြောင့် လျှိုယွီအန်း၏ စိုးရိမ်စိတ်တို့ နည်းနည်း​​​လျော့သွားသည်။ သူပြုံးလိုက်ပြီး စိတ်လှုပ်ရှားနေသည့် သတို့သားရဲ့ လက်ကို သူ့ဘယ်လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ရှောက်ယန်ရှီးသည် အံ့ဩသွားပုံရကာ လျှိုယွီအန်းကို မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လာသည်။ သူ့နှုတ်ခမ်းသည်လည်း မျဉ်းကြောင်းတစ်ကြောင်းသဖွယ် တင်းတင်းစေ့နေလျက်။

လျှိုယွီအန်း သူ့နားသို့ကပ်၍ တိုးတိုးလေးပြောလိုက်သည်။
"အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့"

"အင်း" ရှောက်ယန်ရှီး တိတ်တဆိတ် တုံ့ပြန်လိုက်သည်။ အခု သူတို့က အနီရောင်ကော်ဇောထက်ပေါ်တွင် ခန်းမဆီသို့ လျှောက်လှမ်းနေကြသည်။

မင်္ဂလာပွဲ အခမ်းအနား၏ အပြင်အဆင် အ​ခြေအ​နေ​ကြောင့်လည်း ဖြစ်​ကောင်းဖြစ်နိုင်သည်။

"ယနေ့၊ ကျွန်တော်၊ ရှောက်ယန်ရှီးသည် သေခြင်းတရားက ကျွန်တော်တို့ကို မခွဲခွာခင်အချိန်အထိ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊ နာမကျန်းသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ၊ ချစ်ခင်မြတ်နိုးပါမည်၊ တန်ဖိုးထားပါမည်၊ အဖော်ပြုပေးပါမည်၊ သစ္စာရှိပါမည် ဟု တက်ရောက်လာသည့် လူတိုင်း၏ရှေ့မှောက်တွင် စိတ်ရောကိုယ်ပါ ကတိကဝတ်ပြုအပ်ပါသည်။" ဆိုသည့်စာသားကို ကြားရသည့်အချိန်တွင် လျှိုယွီအန်း တကယ့်ကို စိတ်လှုပ်ရှားမိသွားသည်။

ဝိညာဥ်ကူး​ပြောင်းလာပြီး​နောက် ဗီလိန်ကိုငို​အောင်လုပ်ခဲ့တယ် (မြန်မာဘာသာပြန်)Where stories live. Discover now