Unicode
ပန်းချီဆွဲရန် ပိတ်ကားနှင့် ဆေးခွက် ၊စုတ်တံတို့ကို တကူးတက သယ်ကာ ကျုံးရှေ့သို့ရောက်နေရ၏...တည်းခိုဆောင်မှာ ဆွဲလို့မရ၍လည်းမဟုတ်...ရည်ရွယ်ချက်က တစ်ခုတည်း...တကယ်တစ်ခုတည်းရယ်ပါ...လွတ်မြောက်နိုင်မလားလို့လေ...
တည်းခိုဆောင်အခန်း၏ လေးဘက်လေးတန် နံရံများမှာ သူမရဲ့ ပုံရိပ်တွေကို မြင်နေရသည်...ဘယ်နေရာကြည့်ကြည့် သူမ၏ သွားသေးသေးလေးတွေနှင့်ပြုံးသောအပြုံးကို တွေ့နေရသည်...သူမခိုဝင်ခဲ့ဖူးသော သူ့ရင်ခွင်ဟာလည်း နွေးထွေးနေဆဲပါပဲ....
သူမအကြောင်းတွေးမိရင် ကိုယ်ကိုယ်တိုင်မသိလောက်အောင်ပြုံးနေမိတတ်သော လီ့ ကိုယ် လီ ဘယ်လိုနားလည်ရမည်မသိ....
အခုလည်း ပိတ်ကားပေါ်မှာ ဆေးစက်ချပြီး ပုံကြမ်းတစ်ခုကို ကောက်ဆွဲလိုက်သည်...သေချာပေါက် သူမပုံ ပဲပေါ့...
•••
နန်းတော်ကနေ ဒယ်ဒီ့ကိုမရရအောင်ပြောပြီး ထွက်လာပြီး သူရှိမည်ဟု ထင်သောနေရာကို စိတ်စေရာအတိုင်း ခြေဆန့်ခဲ့သည်....
ကံတရားက မျက်နှာသာပေးသည်ဟုပင် ဆိုရမလား... ချွေးပင်မထွက်ရသေးဘဲ ဂျန် သူ့ကို ကျုံးရှေ့မှာတင် ဆိုက်ဆိုက်မြိုက်မြိုက်တွေ့သည်...
အချစ်ဆိုသည်မှာ တိုက်ဆိုင်မှုကစတင်သည်...
အလုပ်တစ်ခုခုကို အာရုံစူးစူးစိုက်စိုက်နဲ့ စိတ်နှစ်ပြီး လုပ်နေတဲ့အချိန်ဟာ လူတစ်ယောက်ရဲ့ ကြည့်အကောင်းဆုံးအချိန်တဲ့လေ.....
အခုလည်းပဲပေါ့....ဂျန်သူ့ကို အချိန်အတန်ကြာတဲ့အထိ အသိမပေးဘဲ အဝေးကငေးကြည့်နေမိသည်....ရှမ်းရိုးရာ မီးခိုးရောင် ဝတ်စုံလေးနဲ့...အင်္ကျီက လက်တိုဖြစ်တာရော အသားအရောင်က ဖြူဝင်းနေတာကြောင့်ရော အကြောစိမ်းစိမ်းလေးတွေကိုပင် ဖောက်မြင်နေရသည်....
သူကတော့ ပန်းချီကားကို အာရုံစိုက်နေသည်မို့
ဂျန် ရောက်နေတာကိုမသိဘူး ထင်ပါရဲ့...
ပန်းချီကားဟာ စဆွဲစမို့ဖြစ်မည်...မိန်းကလေးတစ်ဦးဖြစ်ကြောင်းသာ သိရသေးသည်...ရုပ်လုံးမပေါ်သေး....
YOU ARE READING
Royal
Fanfictionပေါင်းဖက်ဖို့ဆုတောင်းခဲ့တာ ဘဝအဆက်ဆက်မလား မောင်... နည်းလွန်းမှာစိုးတာနဲ့ အသင်္ချေတွေထိပါ ထပ်ဆုတောင်းထားလိုက်တယ်...