part (36)

1.6K 68 13
                                    

Unicode

ဒုန်းစိုင်း‌ပြေးလာတဲ့ မြင်းခွာသံတွေ။
ပြီးတော့ ဘုရားရင်ပြင်ပေါ် ပြေးတက်လာကြတဲ့ ခြေသံကြမ်းကြီးတွေ။

အရာအားလုံးကို ကြားနေ သိနေရတယ်။
ဒါပေမဲ့ ဘာမှလုပ်နိုင်စွမ်းမရှိဘူး။
အသက်ကိုတောင် ဘယ်လိုရှူနေမှန်း ရူဘီ ကိုယ့်ကိုယ်ကိုယ်မသိတော့။

"ဟေ့ကောင်တွေ....ဟိုမှာ မမလေးမဟုတ်လား..."

ရုတ်တရက်ထအော်လိုက်တဲ့ တပ်သားထဲကတစ်ယောက်အသံဟာ ကမ္ဘာပေါ်မှာ ကျက်သရေမရှိဆုံး အသံပဲ။

အရပ်လေးမျက်နှာကိုပြေးလွှားရှာဖို့ ‌ပြင်နေတဲ့ ခြေလှမ်းတွေ တန့်ကုန်တယ်။
ပြီးတော့ ပြီးတော့ သူတို့တွေ ရူဘီ့ဆီကို။

"ကြောင်ကြည့်မနေနဲ့ ပြေးလေ ရူဘီဂျိန်း..."

ဒါက စိုင်းအသံပဲ။ ဟုတ်တယ် ငါပြေးရမယ်။

ရှိသမျှအားကိုစုပြီး ခြေထောက်တွေကို ထောက်လိုက်တယ်။ ပြေးခိုစရာရင်ခွင်မရှိတော့ဘူး ဆိုတဲ့အသိဟာ သိပ်စိတ်ပျက်စရာကောင်းတာပဲ။
မောင့်ကို ဂျေ တွေ့တော့မှ ဒီအကြောင်းပြောပြပြီး စိတ်ကောက်ရအုံးမယ်။

ရူဘီထပြေးတယ်။ သူတို့လက်ထဲတော့ ဘယ်နည်းနဲ့မှ ပြန်မလိုက်နိုင်ဘူး။
ဟုတ်တယ်လေ။ လူစိတ်မရှိတဲ့ဟာတွေ။

ပြေးရင်းပြေးရင်း ဂျေနဲ့မောင် စတွေ့ခဲ့တဲ့နေရာလေး။အဲတုန်း ဂျေ့ကို သူက ရင်ခွင်ထဲထည့်ထားခဲ့တာလေ။

အူကြောင်ကြောင်စကားတွေပြောနေခဲ့မိလို့ တွန့်ချိုးလာတဲ့ မောင့်မျက်ခုံးညိုတွေ....

ဂျေ စကားအရမ်းများလွန်းလို့ ရေကန်ထဲပြန်ပစ်ချလိုက်ရမလားလို့ ပြောလာတဲ့ မောင်နှုတ်ခမ်းထူထူတွေ...

ပြီးတော့ မထင်မှတ်ဘဲ ဖြစ်သွားခဲ့တဲ့ ပထမဆုံးအနမ်း...

အို...အရာရာဟာ လှပခဲ့တာပဲ။
ဂျေ့ကို စောင့်နေပေးနော် မောင်....

မောင့်စကားနားမထောင်‌တာတော့ မဟုတ်ဘူး မောင်ရယ်။
ရှင်လျက်နဲ့‌သေရတဲ့ဘဝကို မလိုချင်လို့
မောင့်လက်ကိုတွဲပြီး ဆိုခဲ့ဖူးတဲ့သီချင်းလို...

သိပ်ချစ်လွန်းလို့ မောင့်အနောက်လိုက်ခဲ့မယ်...

YÑ🍁

အရမ်းကြာသွားခဲ့မိတာမို့ တောင်းပန်ပါတယ် readerတို့❤️

Zawgyi

ဒုန္းစိုင္း‌ေျပးလာတဲ့ ျမင္းခြာသံေတြ။
ၿပီးေတာ့ ဘုရားရင္ျပင္ေပၚ ေျပးတက္လာၾကတဲ့ ေျခသံၾကမ္းႀကီးေတြ။

အရာအားလုံးကို ၾကားေန သိေနရတယ္။
ဒါေပမဲ့ ဘာမွလုပ္နိုင္စြမ္းမရွိဘူး။
အသက္ကိုေတာင္ ဘယ္လိုရႉေနမွန္း ႐ူဘီ ကိုယ့္ကိုယ္ကိုယ္မသိေတာ့။

"ေဟ့ေကာင္ေတြ....ဟိုမွာ မမေလးမဟုတ္လား..."

႐ုတ္တရက္ထေအာ္လိုက္တဲ့ တပ္သားထဲကတစ္ေယာက္အသံဟာ ကမၻာေပၚမွာ က်က္သေရမရွိဆုံး အသံပဲ။

အရပ္ေလးမ်က္ႏွာကိုေျပးလႊားရွာဖို႔ ‌ျပင္ေနတဲ့ ေျခလွမ္းေတြ တန႔္ကုန္တယ္။
ၿပီးေတာ့ ၿပီးေတာ့ သူတို႔ေတြ ႐ူဘီ့ဆီကို။

"ေၾကာင္ၾကည့္မေနနဲ႕ ေျပးေလ ႐ူဘီဂ်ိန္း..."

ဒါက စိုင္းအသံပဲ။ ဟုတ္တယ္ ငါေျပးရမယ္။

ရွိသမွ်အားကိုစုၿပီး ေျခေထာက္ေတြကို ေထာက္လိုက္တယ္။ ေျပးခိုစရာရင္ခြင္မရွိေတာ့ဘူး ဆိုတဲ့အသိဟာ သိပ္စိတ္ပ်က္စရာေကာင္းတာပဲ။
ေမာင့္ကို ေဂ် ေတြ႕ေတာ့မွ ဒီအေၾကာင္းေျပာျပၿပီး စိတ္ေကာက္ရအုံးမယ္။

႐ူဘီထေျပးတယ္။ သူတို႔လက္ထဲေတာ့ ဘယ္နည္းနဲ႕မွ ျပန္မလိုက္နိုင္ဘူး။
ဟုတ္တယ္ေလ။ လူစိတ္မရွိတဲ့ဟာေတြ။

ေျပးရင္းေျပးရင္း ေဂ်နဲ႕ေမာင္ စေတြ႕ခဲ့တဲ့ေနရာေလး။အဲတုန္း ေဂ့်ကို သူက ရင္ခြင္ထဲထည့္ထားခဲ့တာေလ။

အူေၾကာင္ေၾကာင္စကားေတြေျပာေနခဲ့မိလို႔ တြန႔္ခ်ိဳးလာတဲ့ ေမာင့္မ်က္ခုံးညိုေတြ....

ေဂ် စကားအရမ္းမ်ားလြန္းလို႔ ေရကန္ထဲျပန္ပစ္ခ်လိဳက္ရမလားလို႔ ေျပာလာတဲ့ ေမာင္ႏႈတ္ခမ္းထူထူေတြ...

ၿပီးေတာ့ မထင္မွတ္ဘဲ ျဖစ္သြားခဲ့တဲ့ ပထမဆုံးအနမ္း...

အို...အရာရာဟာ လွပခဲ့တာပဲ။
ေဂ့်ကို ေစာင့္ေနေပးေနာ္ ေမာင္....

ေမာင့္စကားနားမေထာင္‌တာေတာ့ မဟုတ္ဘူး ေမာင္ရယ္။
ရွင္လ်က္နဲ႕‌ေသရတဲ့ဘဝကို မလိုခ်င္လို႔
ေမာင့္လက္ကိုတြဲၿပီး ဆိုခဲ့ဖူးတဲ့သီခ်င္းလို...

သိပ္ခ်စ္လြန္းလို႔ ေမာင့္အေနာက္လိုက္ခဲ့မယ္...

YÑ🍁

အရမ္းၾကာသြားခဲ့မိတာမို႔ ေတာင္းပန္ပါတယ္ readerတို႔❤️

You've reached the end of published parts.

⏰ Last updated: Nov 26, 2022 ⏰

Add this story to your Library to get notified about new parts!

RoyalWhere stories live. Discover now