Unicode
"ဒါဆို....လီက ဂျေ့ကို လက်လွှတ်ရတော့မဲ့သဘောလား....အဟက်...ဘယ်တော့မှဒီလိုအဖြစ်မခံဘူး....."
နှုတ်ကသာ လက်မလွှတ်ဘူးဆိုပြီး တစ်တွတ်တွတ်ရေရွတ်နေခဲ့ပေမဲ့ လက်တွေ့မှာဘာဆက်လုပ်ရမလဲဆိုတာကို လီမစဉ်းစားတတ်တော့ပါ.....
"ခင်ဗျားမကယ်နိုင်ရင် ကယ်နိုင်တဲ့သူဆီကိုသွားမယ်...."
သမားတော်ကြီးကို တစ်ချက်လှည့်ပြောရင်းညောင်စောင်းပေါ်က ဆင်းလိုက်ပြီးနောက် လက်စွဲတော်ဓားကို ကောက်ကိုင်လိုက်သည်....
"သခင်မလေး....စိတ်လိုက်မာန်ပါမလုပ်ပါနဲ့...ဒီကိစ္စဟာ ဟော်နန်းအပြင်ကိုပျံ့သွားရင် ပြဿနာအကြီးအကျယ်တက်မှာပါ....စဝ်ဟော်နန်းရဲ့ ဂုဏ်သိက္ခာကျ....."
"တော်စမ်း....
အခုမှဂုဏ်တွေဘာတွေ...ဘာမှမကြားချင်ဘူး....အဲဟာတွေကြောင့် ငါအသက်ဆက်ရှင်နေတာမဟုတ်ဘူး...ဂျေ့ကြောင့်...."အပြင်ပန်းက မာန်အပြည့်ရှိနေပေမဲ့ ရင်ထဲမှာတော့ မီးဟုန်းဟုန်းတောက်နေခဲ့ပါ၏....
ပူလိုက်တာ....ရင်ထဲမှာဆိုတာလေ....
သမားတော်ကြီးဟာလည်း ဆက်ဖြောင်းဖျချင်ပေမဲ့ လီ့ဒေါသကို ကြောက်ရတာကြောင့် မျက်လွှာကိုအသာချကာ ခေါင်းကိုငုံထား၏...
ဒေါသရှေ့ထား၍ မှားတတ်သည်မို့ သက်ပြင်းကို ဆောင့်ချရင်း ညောင်စောင်းပေါ်ကို လီ ပြန်ထိုင်လိုက်သည်....
"ဂျေမရှိတော့မဲ့ကမ္ဘာကြီး...ဂျေမရှိတော့မဲ့ မနက်ဖြန်တွေတဲ့....ဟက်....ဘာမှကိုအဓိပ္ပာယ်မရှိတော့ပါလား"
ဘာကိုမဆိုမကြောက်ရွံခဲ့တဲ့ စဝ်ခွန်လီဆိုတဲ့ကောင်ကလေ ဂျေ့ကိုဆုံးရှုံးရမှာကိုတော့ တကယ်ကြောက်မိပါသည်....
"ဂျေ မရှိတဲ့မနက်ဖြန်တွေမှာ မောင်ပြိုလဲနေလိမ့်မယ်...သိလား....ဒါ့ကြောင့်...ဒါ့ကြောင့်....မောင့်ကိုထားပြီး ထွက်မသွားပါနဲ့...."
ချစ်ရသူရဲ့ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ရင်းက ဆိုမိပါသည်....
"ဟာ.....သခင်မလေး....ဒီ...ဒီဟာ....'
သမားတော်ကြီးက နှုတ်ဆိတ်နေပြီးမှ ရုတ်တရက်ထအော်တော့ မျက်ရည်တွေကြားက လှည့်ကြည့်မိသည်.....
YOU ARE READING
Royal
Fanfictionပေါင်းဖက်ဖို့ဆုတောင်းခဲ့တာ ဘဝအဆက်ဆက်မလား မောင်... နည်းလွန်းမှာစိုးတာနဲ့ အသင်္ချေတွေထိပါ ထပ်ဆုတောင်းထားလိုက်တယ်...